
မကြာသေးခင်က အင်တာနက်တစ်ခွင်မှာရေပန်းစားခဲ့တဲ့ဗီဒီယိုလေးတစ်ခုရှိပါတယ်။အဲ့ဒီဗီဒီယိုလေးကတော့ နိုင်ငံခြားသားတွေက အာရှလူမျိုးတွေလုပ်လေ့ရှိတဲ့ လက်နှစ်ဖက်အားမပါပဲ ထိုင်ထလုပ်တာကို သူတို့လိုက်လုပ်ကြည့်တဲ့ဗီဒီယိုလေးပါ။
“Asian squat” ဆိုတဲ့အတိုင်း ဒီလိုလက်နှစ်ဖက်အားမပြုပဲ ဆောင့်ကြောင့်ထိုင်တာမျိုးက တော်တော်များများမလုပ်နိုင်ပါဘူး။အထူးသဖြင့် အမေရိကန်တွေဒီလိုမထိုင်နိုင်ကြပါဘူး။ဒီလို မတ်တပ်ရပ်နေရင်းကနေ ဆောင့်ကြောင့်ထိုင်တာမျိုးက တရုတ်နဲ့အာရှလူမျိုးတွေပဲ အများဆုံးလုပ်နိုင်ကြတာပါ။
ဗီဒီယိုကို channel Xinshidandan က တင်ခဲ့တာဖြစ်ပြီး ပြင်သစ်ဘလော့ဂါနှစ်ယောက်က လမ်းပေါ်မှာသွားလာနေကြတဲ့သူတွေကို လက်နှစ်ဖက်အားမပြုပဲမတ်တပ်ရပ်နေရင်းက ထိုင်ချတာကို စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ဗီဒီယိုထဲမှာမြင်တွေ့တဲ့အတိုင်း ပြင်သစ်လူမျိုးတော်တော်များများက မလုပ်နိုင်ပါဘူး။ကွန်ဖူးတတ်တယ်ဆိုတဲ့ အားကစားသမားတစ်ယောက်သာ ထိုင်နိုင်တာကိုမြင်တွေ့ခဲ့ရပါတယ်။
အဲ့ဒီဗီဒီယိုကို ကြည့်ရှုသူ ၈၁၁၀၀၀ ယောက်ရှိနေပြီး အားလုံးကနိုင်ငံခြားသားတွေ မထိုင်နိုင်တာကိုတွေ့ပြီး သဘောကျနေကြပါတယ်။နိုင်ငံသားတစ်ယောက်ကဆိုရင် “ကျွန်တော်က အာရှလူမျိုးပါ။ကျွန်တော်အမြဲတမ်း ဒီလိုထိုင်လေ့ရှိတယ်။
ဒါပေမဲ့ ဒါကို နိုင်ငံခြားသားတွေလုံးဝမလုပ်နိုင်ဘူးဆိုတာ တကယ်မသိခဲ့ဘူး။အံ့သြစရာပါပဲ။ဒါက တကယ့်ကို အာရှသွေးတွေသာလုပ်နိုင်တဲ့အရာပါပဲ”လို့ ရေးသားခဲ့ပါတယ်။တစ်ချို့ကတော့ “နိုင်ငံခြားသားတွေအာရှနိုင်ငံတွေမှာရှိတဲ့ ဘိုထိုင်မဟုတ်တဲ့သန့်စင်ခန်းတွေနဲ့ကြုံရင် ဒုက္ခရောက်မှာပဲ”လို့ ရေးသားခဲ့ပါတယ်။
ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်ပြီးမျှဝေလိုက်ပါတယ်။
Leave a Reply