အပြေးမြန်တဲ့ ကျားသစ် နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ကားမောင်းသမား

ပြိုင်ကားမောင်းသမား တစ်ယောက်ဟာ Formula E ကားမောင်းပြိုင်ပွဲ မတိုင်မီ သာမန်နဲ့ မတူ တမူ ထူးခြားတဲ့ စတန့် ထွင်မှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကုန်းပေါ်မှာ အမြန်ဆုံး သတ္တဝါလို့ သတ်မှတ်ခြင်း ခံထားရတဲ့ ကျားသစ်နဲ့ ယှဉ်ပြိုင်မောင်းခဲ့တာပါ။ သူ့နာမည်ကတော့ Jean-Eric Vergne ပါ။ အသက် ၂၇ နှစ်ရှိပါပြီ။ သူက သူ့ရဲ့ Formula E ပြိုင်ကားနဲ့ ကျားသစ်ကို ယှဉ်ပြိုင်မောင်းခဲ့ပါတယ်။

သူ့ရဲ့ Formula E ပြိုင်ကား ဟာ တစ်နာရီကို မိုင် ၆၀ လောက် နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ ကျားသစ် ဟာ လည်း အဲ့ဒီ့လောက်နှုန်းနဲ့ ပြေးနိုင်ပါတယ်။ တောင်အာဖရိက နိုင်ငံ အနောက်ဘက် မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ တော့ ပြိုင်ကားမောင်းသမား Jean-Eric Vergne က အနိုင်ရရှိခဲ့ပါတယ်။ မီလီမီတာ အနည်းငယ် လောက် အကွာ နဲ့ သာ အနိုင်ရခဲ့တာပါ။ ဒီလို ပြိုင်တဲ့ ဗီဒီယို ကို မနေ့ည ကထုတ်လွှင့်ခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ ရာသီဥတု ပြောင်းလဲမှုကြောင့် ကျားသစ် လိုမျိုး တိရစ္ဆာန်တွေ အတွက် အန္တရာယ် ရှိနေတာကို လူတွေသတိပြုမိစေဖို့ပါ။ နောက်အပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ ရဲ့ ပတ်ဝန်းကျင် ညီလာခံ မတိုင်မီ ယခုလို ပြုလုပ်ခဲ့တာပါ။ ကားမောင်းပြိုင်ပွဲ ကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဟောင်ကောင် မှာ ကျင်းပမှာပါ။ ပုံတွေမှာ ကျားသစ် နဲ့ ပြိုင်ကား တို့ ရေကုန်ရေခမ်းယှဉ်ပြိုင်နေတာ ကို တွေ့ရမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*