ဂျင်းဘောင်းဘီ 8ထည်လောက်ထပ်ဝတ်ပြီး ဆိုင်ကနေခိုးယူဖို့ကြိုးစားခဲ့တဲ့ မိန်းမငယ်လေး (ရုပ်သံ)

ဒီရုပ်သံထဲမှာ ဖော်ပြထားခဲ့တဲ့ မိန်းမငယ်လေးကတော့ စတိုးဆိုင်တစ်ဆိုင်မှာရှိတဲ့ ဂျင်းဘောင်းဘီ8ထည်လုံးကို တစ်ကြိမ်ထဲ ကောက်ဝတ်ပြီးနောက်ခိုးယူဖို့ကြိုးစားခဲ့လို့ လုံခြုံရေးဝန်ထမ်းက ဖမ်းမိပြီး video ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာတော့ မိန်းမငယ်လေး ဂျင်းဘောင်းဘီရှည် တစ်ထည်ပြီးတစ်ထည် ချွတ်နေခဲ့တာကို လုံခြုံရေးဝန်ထမ်းက video ရိုက်ကူးရင် အသံအကျယ်ကြီးဖြင့် ရေတွက်ပြနေခဲ့တာပါ ။ မိန်းကလေးဟာ ဘောင်းဘီရှည် 8ထည်ခန့် ဆွဲချွတ်ပြပြီးချိန်မှာတော့ သူမရဲ့အတွင်းခံဘောင်းဘီကို လစ်ဟာပြပြီး နောက်ထပ်ဘောင်းဘီထပ်မရှိတော့ကြောင်းကိုပြသနေခဲ့တာကို video ထဲမှာတွေ့မြင်ရမှာပါ ။

အဆိုပါ video ဟာ Peru နိုင်ငံမှာ ရိုက်ကူးထားခဲ့တာလို့ လူအများကထင်မြင်ကြပြီး ၊ တစ်ချို့မှာတော့ မိန်းမငယ်လေးဟာ Venezuela နိုင်ငံမှဖြစ်ကြောင်း ပြောဆိုမှုများရှိနေခဲ့ပါတယ် ။ သူမဟာ စတိုးဆိုင်ကနေထွက်သွားဖို့လုပ်နေတဲ့အချိန်မှာ လုံခြုံရေးဝန်ထမ်းက ဖမ်းမိခဲ့တာဖြစ်ပြီး ၊ သူမခိုးယူခဲ့တဲ့ ဂျင်းဘောင်ဘီမှာတော့ ပုံမှန်ထသွားထလာစတိုင်လ်များသာဖြစ်ကြောင်း တွေ့ရှိရမှာပါ ။

အဆိုပါ video ကိုပြန်လည်ဝေမျှသူ အမြောက်အမြားရှိခဲ့ပြီး အချို့သောသူများကတော့ ” လူတွေက သူ့ကိုအပြစ်တင်နေကြတယ် သူမလည်းအတော်လေးကိုလိုအပ်ပြီး ဒုက္ခရောက်နေလို့နေမှာပါ ။ အဲ့အချိန်မှာ သူမခံစားနေရတာကို ဘယ်သူကမှ မသိနိုင်ဘူး ” ဆိုပြီး သူတို့ရဲ့ထင်မြင်ချက်ကို ရေးသားခဲ့ကြပါတယ် ။ ထို့အပြင် အခြားသူများကတော့ ” ဘောင်းဘီရှည် 8ထပ် ဝတ်ထားတာတောင် သူမအတော်လေးပိန်တာပဲ ” ဆိုပြီး မျိုးစုံထင်မြင်ချက် ရေးသားခဲ့ကြပါသေးတယ် ။ သူမကို ခိုးမှုအတွက် ရဲအရာရှိတွေကို တိုင်ကြားပြီး ၊ အဖမ်းခံခဲ့ရလား ဆိုတာကိုတော့ သေချာ မသိရသေးပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*