ငွေစက္ကူတွေမပေါ်ခင်က ဒါတွေနဲ့အလဲအလှယ်လုပ်ခဲ့ကြတာတဲ့ (ပိုက်ဆံအစား ဒါတွေနဲ့လဲလှယ်ဝယ်ယူခဲ့ကြတာပါ)

ဒီနေ့ခေတ်မှာတော့ ငွေစက္ကူ၊ပိုက်ဆံတွေနဲ့ ပစ္စည်းအလဲအလှယ်လုပ်ကြပေမဲ့ အရင် ငွေစက္ကူမပေါ်ခင်ကာလက ဒီလိုပစ္စည်းတွေနဲ့ပဲ ကိုယ်လိုချင်တဲ့အရာကိုလဲလှယ်ဝယ်ယူခဲ့ရတာပါ။ဘယ်လိုပစ္စည်းတွေကို ငွေစက္ကူအဖြစ်အစားထိုးသုံးစွဲခဲ့တာလဲဆိုရင် ….

ခရုခွံ


ဟိုးအရင်တုန်းက ကုန်ပစ္စည်းတွေ၊အစားအစာတွေကို ခရုခွံနဲ့လဲလှယ်ကာဝယ်ယူခဲ့ကြတာပါ။အထူးသဖြင့် အာဖရိက၊ဥရောပနဲ့အာရှနိုင်ငံတွေမှာ အများဆုံးခရုခွံနဲ့အလဲအလှယ်လုပ်ကြပါတယ်။

ဆား


ဆားဟာလည်း ငွေစက္ကူနေရာမှာအစားထိုးသုံးစွဲခဲ့ကြတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ ဟင်းချက်စရာအမယ်တစ်ခုသာဖြစ်သွားခဲ့ပါပြီ။

သကြားလုံး


၂၀၀၈ ခုနှစ်တုန်းက သကြားလုံး၊ချိုချဉ်တွေကို စတိုးဆိုင်တွေမှာ အကြွေအမ်းတဲ့အနေနဲ့ ပေးလေ့ရှိပါတယ်။သကြားလုံးအမ်းတဲ့ခေတ်တော့မှီခဲ့ဖူးမှာပါ။အခုချိန်ထိတောင် တစ်ချို့နေရာတွေမှာ အကြွေမရှိရင်တစ်ရှူးဖြစ်စေ၊သကြားလုံးဖြစ်စေ အဖိုးအခအနေနဲ့ ပြန်ပေးလေ့ရှိနေဆဲပါ။

Tea Bricks


၉ရာစုတုန်းက ရုရှား၊မွန်ဂိုလီးယားနဲ့တရုတ်နိုင်ငံတွေမှာ Tea Bricks တွေကို ငွေအဖြစ်အစားထိုးသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

ရမ်


သြစတေးလျရဲ့ပထမဆုံးငွေကြေးအဖြစ်အစားထိုးသုံးစွဲခဲ့တာဟာ ရမ်ဖြစ်တယ်လို့သိရပါတယ်။

ဓား


၆၀၀ ဘီစီကနေ ၂၀၀ဘီစီအထိ Qi ပြည်နယ်မှာ ဓားတွေကို ငွေကြေးအဖြစ်အစားထိုးသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

ဖျံသားရေ


ဥရောပလူမျိုးတွေ အမေရိကမြောက်ပိုင်းပထမဆုံးရောက်စဉ်က အလဲအလှယ်လုပ်လို့ရတဲ့တစ်ခုတည်းသောအရာက ဖျံသားရေပါပဲ။ဖျံသားရေက အရောင်းအဝယ်နှစ်ဖက်လုံးအတွက် တန်ဖိုးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။

စီးကရက်


စီးကရက်တွေဟာတစ်ချိန်တုန်းက ငွေစက္ကူနေရာမှာအစားထိုးသုံးစွဲခဲ့ကြတဲ့ပစ္စည်းတစ်ခုပါ။ကမ္ဘာတစ်ဝန်းလုံးကထောင်တွေမှာ ဆေးလိပ်ကိုငွေကြေးအဖြစ်မှတ်ယူလဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*