တစ်ကိုယ်တည်းသမား အပျိုကြီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ စိတ်ပျက်ကြရတဲ့ အချက် (၅) ချက်

တစ်ကိုယ်တည်း အပျိုကြီးမမတွေ အားလုံးဟာမစွံလို့ အပျိုကြီးတွေ ဖြစ်လာကြတာ မဟုတ်ပါဘူး။ တစ်ချို့ကျတော့လည်း အမျိုးသားတွေကြောင့် သူတို့ဘဝပူလောင်တာမျိုး မလိုချင်လို့၊ တစ်ချို့ကျတော့လည်း နှလုံးသားရေးရာ အခြေအနေမကောင်းလို့၊ တစ်ချို့ကျတော့လည်း တစ်ယောက်တည်း အေးဆေးနေရတာ ကြိုက်လို့ စသဖြင့် အမျိုးမျိုးပေါ့လေ။ ဒါပေမယ့် ဒီလိုအပျိုကြီးမမတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေအနေနဲ့ သဘောမတွေ့လှတဲ့ အချက်တွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။အမျိုးသားတွေနဲ့ ဒိတ်လုပ်တဲ့အခါ စည်းမျဉ်းတွေကို ချိုးဖောက်လေ့ရှိကြတယ်။

ရည်းစားမထားဖူးတဲ့ အပျိုကြီးမမတွေနဲ့ ဒိတ်လုပ်ရတာ ဘယ်လောက်ခက်ခဲကြောင်း ဖွင့်ဟသွားသူတွေထဲမှာ အမျိုးသားအများစုက သူတို့ဟာ ဒိတ်လုပ်တဲ့အခါ အဆင့်ဆင့်ဘယ်လိုသွားရမယ်၊ ပြီးတော့ အမျိုးသားဘက်ကို နားလည်မှုလေး ဘယ်လိုပေးရမယ်ဆိုတာမျိုးတွေ သိပ်မရှိကြဘူး။ သူတို့လုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူးဆိုတဲ့ အမျိုးသမီးတွေ များတယ်လို့ ဖွင့်ဟသွားကြပါတယ်။

၂။သူတို့ကိုယ်သူတို့ အားကိုးကြောင်း အမျိုးသားတွေမလိုအပ်ကြောင်း ပြောလေ့လုပ်ပြလေ့ရှိတယ်။

အပျိုကြီးမမတွေဟာ များသောအားဖြင့် ငါတို့ဘာသာငါတို့ဘဝနဲ့အေးဆေးနေနိုင်တယ်။ ဘယ်သူ့အကူအညီမှမလိုဘူး။ ယောင်္ကျားတွေ ငါတို့အတွက် မလိုအပ်ဘူးဆိုတဲ့ ဒီဇိုင်းမျိုး ပြောဆိုပြုမူလေ့ရှိကြပါတယ်တဲ့။

၃။အချစ်ရေးက စမယ်မရှိသေးဘူး၊ အဝေးကိုတွေးပူနေတတ်ကြပါတယ်။

သူနဲ့ကိုယ်ချစ်တာ တစ်လမပြည့်သေးဘူး။ တစ်နှစ်မပြည့်ခင် လက်ထပ်ပြီး ဘယ်တော့ကလေးယူမယ်ဆိုတာမျိုး တွက်ချက်နေတတ်ကြသလို ဒါတွေအဆင်မှပြေပါ့မလားရယ်လို့ တွေးပူနေတတ်ကြပါတယ်တဲ့။ ဒီတော့ လက်ရှိအချစ်ရေးကို မပျော်နိုင်တော့ပဲ နှစ်ဦးသားတွေ့တာနဲ့ ရှေ့ရေးအကြောင်း ပြောရင်း မောနေတော့တာပါပဲ။

၄။လူကောင်းသူကောင်းတွေနဲ့သာ ဒိတ်လုပ်မယ်ဆိုတတ်ကြပြီး တကယ်ကြိုက်ရင် ငဆိုးတွေနဲ့ချည်း။

အပျိုကြီးမမတွေဟာ သူ့ကို ခိုက်နေတဲ့သူတွေကို တူသလား တန်သလား၊ ငါကတော့ တကယ်ယူရင် ဘယ်လိုမျိုးယောင်္ကျားမျိုးမှ ယူမှာစသဖြင့် အမြဲပြောတတ်ပေမယ့် သူတို့နဲ့ရသွားသူတွေက ငဆိုးငသွမ်းတွေချည်း ဖြစ်နေတတ်ပြန်ပါတယ်တဲ့။

၅။သူတို့အိမ်မွေးတိရစ္ဆာန်တွေကို ချစ်သူထက် ပိုအရေးပေးတတ်ကြတယ်။

အမျိုးသားတွေ သည်းမခံနိုင်တဲ့အချက်တစ်ချက်ကတော့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန် အထူးသဖြင့် ခွေးတွေကို ကိုယ့်ချစ်သူထက် ပိုအရေးကြီး အရေးပါသလို ပြုမူဆက်ဆံနေတာမျိုးကိုပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*