သမီးကို ထိန်းရလွန်းလို့ပင်ပန်းလွန်ပြီး ဖခင်ကော ၊ သမီးပါ ရထားပေါ်မှာ ရုပ်ပျက်ဆင်းပျက်အိပ်မောကျနေခဲ့တဲ့ (ရုပ်သံ)

ကလေးငယ်တစ်ယောက်ကို ထိန်းကျောင်းရတာဟာ တော်တော်နဲ့မလွယ်တဲ့ ကိစ္စတစ်ခုပါပဲ ။ ထို့အပြင် မိခင် နဲ့ ဖခင် တို့ရဲ့ကလေးထိန်းကျောင်းတဲ့ နည်းဟာလည်း အတော်လေးကိုကွာခြားလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်ရဲ့ Facebook စာမျက်နှာတစ်ခုက ဝေမျှခဲ့တဲ့ရုပ်သံလေးတစ်ခုဟာ အတော်လေးချစ်ဖို့ကောင်းလှပြီး ကြည့်ရှုသူအတော်လေး များနေလျက်ရှိပါတယ် ။ Video လေးရဲ့ caption ကိုတော့ ” သမီးကိုထိန်းရလို့ အတော်လေးပင်ပန်းနေတဲ့ဖခင် ၊ ဒါပေမဲ့ သမီးလေးကလည်း ဖခင်ဖြစ်သူကထိန်းလို့အတော်လေးကို ပိုပြီးတော့ပင်ပန်းပြီး အားအင်ကုန်ခမ်းနေခဲ့တာပါ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

Video ထဲမှာတော့ ဖခင်ဖြစ်သူဟာ အတော်လေးပင်ပန်းနေပုံရပြီး ရထားခရီးလမ်းတစ်လျှောက် ရုပ်ပျက်ဆင်းပျက်အိပ်မောကျနေခဲ့တာပါ ။ ထို့အပြင် သမီးဖြစ်သူမှာလည်း သူမ၏ခန္ဓာကိုယ်ကို မထိန်းထားနိုင်တော့ဘဲ သူမရဲ့ခေါင်းဟာ အောက်ဖက်သို့ငိုက်စိုက်ပြီး အိပ်နေခဲ့ကြတာပါ ။ သားအဖ နှစ်ယောက်လုံးအိပ်မောကျနေတာ လုံးဝကိုမလှုပ်မရပ်ပဲ အိပ်နေကြတာပါ ။

Video ကိုကြည့်ရှုခဲ့ကြပြီးနောက် လူအများက ယခု video ကို ကလေးငယ်ရဲ့မိခင်မြင်ရင် ဘယ်လိုလုပ်မလဲ ၊ အဲ့ကြောင့် အဖေတွေကို ကလေးမထိန်းခိုင်းချင်တာ ၊ သူမိန်းမတော့အခုဆို အတော်လေးအံ့သြနေလောက်ပြီ စသဖြင့်မျိုးစုံထင်မြင်ချက်များ ရေးသားခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*