မိခင်အတွက်ဆေးကုစရိတ်ရနိုင်ဖို့ လူသေတွေကိုမီးသဂြိုလ်ပေးနေရတဲ့ ၁၁နှစ်အရွယ်ကလေးငယ်

လောကကြီးကတော့ အချို့သော လူသားတွေအဖို့ ခက်ခဲကြမ်းတမ်းလှပါတယ်။ လောကဓံတရား၏ ထုထောင်းမှုကို ခံစားရသူများစွာလည်းရှိပါတယ်။ တစ်ချို့သော ကလေးငယ်တွေအဖို့လည်း လောကဓံ၏ နိုပ်စက်မှုကို ခံစားနေရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နှင့် အခြားကလေးတွေလို ကျောင်းမတက်နိုင်ဘဲ မိသားစု စားဝတ်နေရေးအတွက် ရှာဖွေနေရပါတယ်။

ယခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ၁၁နှစ်အရွယ် ထိုင်းကလေးငယ်လေးအကြောင်းပဲဖြစ်ပါတယ်။ အဆိုပါ ကလေးငယ်လေး၏ဘဝကတော့ အလွန့်ကို ခက်ခဲကြမ်းတမ်းလှပါတယ်။ သူကတော့ အခြားကလေးငယ်တွေ ပျော်ရွှင်ဖို့ အချိန်မရှိရှာပါဘူး။ သူရဲ့အဖေကတော့ ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

သူ့မှာ အမေတစ်ယောက်သာ ကျန်ရှိတော့တာပဲ။ သူ့ရဲ့အမေကလည်း ကျန်းမာရေးမကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ မိခင်ဖြစ်သူအနေဖြင့် နေကောင်းလာစေရန် ဆေးကုသနေရပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ ဆေးကုစရိတ်ကို ရနိုင်ဖို့ ကလေးငယ်လေးက လူသေတွေကိုမီးသဂြိုလ်ပေးတဲ့ အလုပ်ကိုလုပ်ကိုင်နေရပါတယ်။ မိခင်အပေါ် တတ်သိလိမ္မာတဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*