
ရဲဆိုတာကတော့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကြားမှာ တာဝန်ထမ်းဆောင်ရတာတွေလည်းရှိပါတယ်။ မိန်းကလေးတွေအနေဖြင့် ရဲမေအဖြစ်ဝင်ရောက်လုပ်ကိုင်တာကလည်း ယောကျာ်းတွေထက်နည်းပါတယ်။ ဒါ့ကြောင့် ရာဇဝတ်မှုတွေကို တိုက်ခိုက်တဲ့ ရဲမေတွေက ရဲသားတွေထက်နည်းလှပါတယ်။ ယခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဖိလစ်ပိုင်နိုင်ငံက ရဲမေတစ်ဦး၏ အကြောင်းပါ။
သူမအနေဖြင့် ၂၀၁၇အတွင် ဖိလစ်ပိုင်နိုင်ငံ၏အလှပဆုံးရဲမေဆုကို ဆွတ်ခူးထားသူပါ။ ဆုနှင့်ပင်ထိုက်တန်အောင် သူမကအလွန်ကို လှပချောမောသူတစ်ယောက်ဖြစ်ပါတယ်။ သို့သော် သူမမှာ ဒီထက်ပိုပြီး အံ့သြသင့်စရာ အကြောင်းတစ်ခုရှိပါတယ်။ ထိုအရာကတော့ သူမက ကလေး၄ယောက်၏မိခင်ဆိုတဲ့ အကြောင်းလေးတစ်ခုပါ။ တစ်သားမွေး တစ်သွေးလှဟုဆိုတဲ့ စကားပုံကို သက်သေပြနေတာ အသေအချာပါပဲ။
သူမ၏နာမည်ကတော့ ဂျန်းနီလန်ဂျန်းလီ ပဲဖြစ်ပါတယ်။ သူမအနေဖြင့် ဇမ်ဘောဂါမြို့ရှိ Philippine National Police’s Regional Public Safety Battalion 9တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ သူမက နိုင်ငံအတွင်းမှာလည်း နာမည်ကျော်ကြားသူတစ်ဦးဖြစ်ကာ ကိုယ်ပိုင် Facbook အကောင့်မှာလည်း Follower ပေါင်းများစွာရှိပါတယ်။
သူမကိုငယ်စဉ်က သူမ၏အဖေက ရဲထဲသို့ပေးမဝင်ခဲ့သော်လည်း အသက်၃၀မှာတော့ သူမ၏အဖေ့ကို ဖြောင်းဖြနိုင်ခဲ့ကာ ရဲထဲသို့ဝင်ရောက်နိုင်ခဲ့တယ်လို့ ဂျန်းနီကပြောဆိုခဲ့ပါတယ်။
Leave a Reply