ဖခင်ဖြစ်သူရဲ့ ဂုဏ်ကျေးဇူးကို သိတတ်တဲ့ သမီး

အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ဂျင်နာယန်း အမည်ရ အမျိုးသမီးတစ်ဦးဟာ ဖခင်ဖြစ်သူရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ခဲ့တာမို့ ချီးကျူးခံခဲ့ ရပါတယ်။ အသက် (၂၅) နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဂျင်နာယန်းဟာ ပြီးခဲ့တဲ့ နှစ်နှစ်မှာ အစာအိမ် ကင်ဆာ ဝေဒနာကြောင့် ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို အမြဲတမ်း သတိတရရှိနေခဲ့ ပါတယ်။

ဂျင်နာယန်းရဲ့ ဖခင်ဖြစ်သူဟာ အလုပ်ကို အလွန်ကြိုးစားပြီး သမီးငယ်ကို အရမ်းဂရုစိုက်ခဲ့ပါတယ်။ ဒါကို ဂျင်နာယန်းက အမြဲတမ်း အမှတ်တရရှိခဲ့ ပါတယ်။ ဂျင်နာယန်းဟာ ကွယ်လွန်သွားတဲ့ ဖခင်ကို အမြဲတမ်း သတိရနေကြောင်း ပြသလိုခဲ့ပါတယ်။ ဒါကြောင့်မို့ ဂျင်နာယန်းဟာ ကမ္ဘာ့နိုင်ငံ အနှံ့ကို သွားရောက် လည်ပတ်တဲ့အခါ ဖခင် ဖြစ်သူရဲ့ ပုံစံ ကတ်ထူပြား တစ်ခုကို ယူဆောင်သွားလေ့ ရှိပါတယ်။ ဘယ်နေရာကို ပဲရောက်ရောက် ဂျင်နာယန်းဟာ ဖခင်ဖြစ်သူရဲ့ ပုံစံကတ်ထူပြားနဲ့ တွဲပြီး ဓာတ်ပုံ ရိုက်ကူးလေ့ရှိပါတယ်။ ဂျင်နာယန်းဟာ ကမ္ဘာ့ထင်ရှားတဲ့ နေရာတွေကို သွားလာခဲ့ပြီး၊ ဖခင်ဖြစ်သူရဲ့ ပုံစံကတ်ထူပြားနဲ့ ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။

ဂျင်နာယန်းက ကျွန်မရဲ့ အဖေဟာအလုပ်ကို အလွန်ကြိုးစားခဲ့ပါတယ်။ တစ်ချိန်လုံး အလုပ်လုပ်ခဲ့တာမို့ ဘယ်နေရာကိုမှ မရောက်ခဲ့ပါဘူး။ ဒါကြောင့်မို့ ကျွန်မဟာ အဖေဖြစ်သူ ကွယ်လွန်သွားပြီးတဲ့ နောက်မှာ အဖေသွားချင်တဲ့ နေရာတွေကို ရောက်အောင်သွားခဲ့ပါတယ်။ ဒါကြောင့် အဖေရဲ့ ပုံစံတူ ကတ်ထူပြားနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။ ဂျင်နာယန်း ဟာ သူ့ရဲ့ အကြောင်းကို လူမှု ကွန်ရက် ဝက်ဘ်ဆိုက်မှာ ရေးသား ဖော်ပြခဲ့ရာ ချီးကျူးမှုတွေရရှိခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*