ကားတံခါးကိုlock ချပြီး ပိုင်ရှင်ရဲ့ကားကိုတစ်နာရီခန့် ပတ်မောင်းနေခဲ့တဲ့ ခွေးလေးကြောင့် ရဲတိုင်ခဲ့ရတဲ့အဖြစ်(ရုပ်သံ)

ဒီတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးကတော့ သူရဲ့ကားမောင်းနိုင်တဲ့စွမ်းရည်တွေကို တော်တော်လေး ထုတ်ပြချင်နေပုံရပါတယ် ။ ဒီအဖြစ်အပျက်ကတော့ အမေရိကန်နိုင်ငံရဲ့ Florida ပြည်နယ်မှာ ပြီးခဲ့တဲ့ November 21 ရက်နေ့ မနက်ခင်း 8:30အချိန်ခန့်က ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ Anna Sabol အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးပြောပြချက်အရ ခြံဝန်းထဲမှာ ကားတစ်စီးပတ်မောင်းနေတာမြင်တော့ သူမအံ့သြသွားခဲ့ပြီး ကားသမားက ကားကိုကွျွမ်းကျွမ်းကျင်ကျင်မမောင်းတတ်သေးဘူးလို့သာထင်နေပေမဲ့ ကားကအတော်လေးပတ်မောင်းနေတော့ သူမအတော်ထူးဆန်းနေခဲ့ပါတယ် ။

ထို့နောက် သူမပုတင်းပေါက်အပြင်ဖက်ကို ကြည့်လိုက်ချိန်မှာ ရဲကားနှစ်စီးရောက်ရှိလာပြီး မီးသတ်ကားတွေပါရောက်လာခဲ့ပါတယ် ။ သေချာကြည့်လိုက်ချိန်မှာတော့ Max အမည်ရှိတဲ့ ခွေးလေးတစ်ကောင်ဟာ ခဲရောင်Sedan ကားလေးကို အားရပါးရပတ်မောင်းနေခဲ့တာပါ ။ရဲတွေက ကားကိုရပ်ပစ်လိုက်ဖို့ ကားပိုင်ရှင်ရဲ့သော့ကို နှိပ်နေခဲ့ပေမဲ့လည်း ကားသော့က ဘတ်ထရီကုန်နေခဲ့ပါတယ် ။

ထို့ကြောင့် ကားက Mailbox ကိုတိုက်မိပြီး ရပ်သွားတဲ့အချိန်ထိ တစ်နာရီခန့် Max ကားမောင်းနေတာကို စောင့်ကြည့်နေခဲ့ရပါတယ် ။ ကားအရှိန်လျော့သွားတဲ့အခါမှ ရဲတွေဟာကားတံခါးကို ဖွင့်ဖို့ကြိုးစားခဲ့ကြရပါတယ် ။

အိမ်နီးချင်အမျိုးသမီးကတော့ ” ကျွန်မ ရယ်နေခဲ့ရတယ် ။ သူတို့ ခွေးလေးကို ကားမောင်းလိုင်စင်ပေးသင့်တယ်လို့ ကျွန်မတွေးနေခဲ့တာ ။ ကျွန်မမြင်ဖူးသမျှထဲမှာ ကားမောင်းတာအတော်ဆုံး ခွေးလေးပဲ ၊ Mailbox ကိုမတိုက်မိသေးတဲ့အချိန်ထိ သူမောင်းတာ တော်တော်အဆင်ပြေတယ် ၊ သူတစ်နာရီလောက် ဘားမှမတိုက်မိဘဲ အဆင်ပြေပြေလေး မောင်းနေခဲ့တာ ” ဆိုပြီးပြောပြခဲ့ပါတယ် ။ ခွေးလေးရဲ့ ပိုင်ရှင်မှာတော့ အတော်လေးစိတ်ပျက်နေပြီး သူကားပေါ်ကနေဆင်းခဲ့ချိန်မှာတော့ ခွေးလေးဟာဘယ်လိုလုပ်ပြီး ကားတံခါးကို Lock ချလိုက်မှန်း မသိလိုက်ကြောင်းပြောဆိုခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ ယခုဖြစ်ရပ်မှာ ဘယ်သူကမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမျိုးမရှိခဲ့ပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*