လူပျိုတွေရဲ့ အားကိုသုံးပြီး လျှပ်စစ် ထုတ်လုပ်မယ့် ဂျပန်ကုမ္ပဏီရဲ့ နည်းပညာ အသစ်အဆန်း

လူပျိုတွေရဲ့ အားကိုသုံးပြီး လျှပ်စစ် ထုတ်လုပ်မယ့် ဂျပန်ကုမ္ပဏီရဲ့ နည်းပညာ အသစ်အဆန်း

Soft on Demand (SOD) ဟာ ဂျပန်နိုင်ငံ ရဲ့ အကြီးဆုံး အပြာရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီတွေထဲမှာ တစ်ခုအပါဝင်ဖြစ်ပါတယ်။ ဒီ့အပြင် အရွယ်ရောက်သူတွေရဲ့ စိတ်အပန်းဖြေမှုနဲ့ ပတ်သက်လာရင်လည်း သူတို့ရဲ့ သာမန်ရိုးကျမဟုတ်တဲ့ ချဉ်းကပ်မှုတွေကြောင့် မကြာခဏ သတိပြုမိခံရတယ်။

ယင်း ကုမ္ပဏီဟာ ချစ်များနေ့အပြီး တစ်လအတိတိ အကြာ မတ်လ (၁၄) ရက်တိုင်းမှာ ကျရောက်တဲ့ White Day ကို ဆင်နွဲဖို့ ပွဲတစ်ခုနဲ့ စီစဉ်ခဲ့ပါတယ်။ တကယ်ကို ထူးထူးခြားခြား ဆိုရလောက်အောင် White Day မှာ လူပျိုတွေရဲ့ အားတွေကို စက်ဘီးနင်းတဲ့အပေါ် သက်ရောက်စေပြီး အဲ့ဒီ့ကမှ တစ်ဆင့် လျှပ်စစ်စွမ်းအင်တွေ ပြောင်းလဲ ထုတ်လုပ်ပေးတဲ့ အစီအစဉ်အနဲ့ ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ပွဲကို “White Day Illumination Shining with Virgin-Produced Electricity” ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုကျိုမြို့ Shibuya ခရိုင်ရှိ Dogenzaka ဆိုတဲ့ လူစည်းကားရာ လမ်းပေါ်မှာ ဗန်ကားကြီးထိုးပြီး ကျင်းပခဲ့ပါတယ်။ ရည်ရွယ်ချက်ခဲ့တဲ့ လှပတဲ့ အမျိုးသမီးတွေရဲ့ အပြာ VR ဗီဒီယိုတွေကို ကြည့်တာက ကျားခွန်အားတွေကို ပိုတိုးပွားစေတယ် ဆိုတဲ့ စိတ်ကူးပေါ် အမှီပြုပြီး ဒီအခမ်းအနာကို စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

SOD ကုမ္ပဏီက ရွှတ်နောက်နောက် VR ရုပ်ရှင်တွေဟာ စိတ်လှုပ်ရှားမှုတွေကို ပိုတိုးစေတယ်၊ ဒီလိုနည်းနဲ့ လူပျိုတွေဆီကနေ တခြားသော စွမ်းအင်တွေကိုပါ ရယူနိုင်တယ်လို့ ယူဆခဲ့ကြတယ်။ လူပျိုတွေပဲ ပါဝင်ပေးကြဖို့ အဓိကထား တောင်းဆိုခဲ့သလို၊ သူတို့မှာ ဘယ်ဆီထုတ်လွှတ်ရမယ်မှန်း မသိတဲ့ စွမ်းအားတွေရှိတယ်လို့ လက်ခံထားတဲ့အတွက် ဖြစ်ပါတယ်။

ဂျပန် အပြာရုပ်ရှင် စတားတွေဖြစ်ကြတဲ့ Tina Namami နဲ့ Hinata Koizumi တို့ရဲ့ အပြာအနုအရွတွေကို ဗီအာရ် (Virtual Reality) နဲ့ ပြသခဲ့ပြီး အဲ့ဒီ့ အပြာမင်းသမီးနှစ်ယောက်ဟာလည်း လူပျိုတွေကို သူတို့ရဲ့ အားထုတ်မှုနေမှုအတွက် ဂုဏ်ပြု အားပေး စကားပြောဖို့ ပွဲမှာ ရှိနေခဲ့ပါတယ်။ အဲ့ဒီ့နောက် ပွဲကိုလာရောက်ကြတဲ့ အမျိုးသား အယုတ်အလတ်မရွေးနဲ့ ဓာတ်ပုံတွေ အတူတွဲရိုက်ခံခဲ့ကြသလို ဈေးရောင်းပွဲမှာလည်း ကူညီရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး လူ့စွမ်းအား အရင်းအမြစ်ကို ဘယ်လို အသုံးချရမလဲ ကောင်းကောင်းကြီးသိနေတော့ ဂျပန်နိုင်ငံဟာ အဘက်ဘက်ကနေတိုးတက်တဲ့နိုင်ငံအဖြစ် ကမ္ဘာမှာ ရပ်တည်နေတာ ဘာမျှမဆန်းပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*