ကမ္ဘာပေါ်ကကြောက်စရာအကောင်းဆုံးနဲ့နာမည်အကြီးဆုံး အမျိုးသမီးတစ္ဆေ(၃)ကောင်

ကမ္ဘာပေါ်ကကြောက်စရာအကောင်းဆုံးနဲ့နာမည်အကြီးဆုံး အမျိုးသမီးတစ္ဆေ(၃)ကောင်

ဒီတစ်ခါ ဗဟုသုတလည်းရ၊ သည်းထိတ်ရင်ဖိုတွေကိုကြိုက်တဲ့ သူလေးတွေအတွက် ကမ္ဘာပေါ်က နာမည်အကြီးဆုံး အမျိုးသမီးတစ္ဆေသုံးဦးနဲ့ သူတို့ရဲ့ ရာဇဝင်တွေကို ဖော်ပြပေးလိုက်ပါတယ်။.

(၁) La Llorona


ဒီအမျိုးသမီးကို ငိုနေတဲ့မိန်းမ လို့လည်း ခေါ်ကြပါတယ်။ စပိန် နဲ့ မက္ကဆီကိုကနေပေါက်ဖွားလာတဲ့ အကြောင်းအရာလေးဖြစ်တယ်။ မာရီယာလို့ခေါ်တဲ့ အမျိုးသမီးဟာ သူ့ခင်ပွန်းအခြားမိန်းမနဲ့ ဖောက်ပြန်နေတာ သိသွားပြီးတော့ လက်စားချေတဲ့အနေနဲ့ သူ့ခင်ပွန်းနဲ့ရထားတဲ့ ကလေးနှစ်ယောက်ကို ရေနှစ်ပြီးသတ်လိုက်ပါတယ်။ ခဏအကြာမှာ သူ့ကိုယ်သူလည်း ရေနှစ်ပြီး သတ်သေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဝိညာဉ်ကတော့ မကျွတ်မလွတ်ပဲ သူ့ရဲ့ ကလေးတွေကို လိုက်ရှာနေတယ်လို့ ဆိုကြပါတယ်။ “ငါ့ရဲ့ကလေးတွေဘယ်မှာလဲ” ဆိုပြီး သူပြောနေတဲ့ အသံကိုကြားတဲ့သူဟာ သေရတယ်လို့လည်း ဆိုကြပါတယ်။

(၂) Kuchisake-Onna


Kuchisake-Onna ဆိုတာဟာ ဂျပန်လိုဖြစ်ပြီး မြန်မာလို ပါးစပ်ပြဲနေတဲ့အမျိုးသမီး လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဖြစ်ရပ်ရဲ့အစက အိမ်ထောင်ရေးဖောက်ပြန်တဲ့မိန်းမဖြစ်သူကို ယောကျ်ားဖြစ်သူက ပါးစပ်ကို ဓါးနဲ့ဖြဲပြီး သတ်ခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ သူ့ရဲ့ ဝိညာဉ်က မကျွတ်မလွတ်တော့ပဲ မြို့တွင်းကလူတွေကို လိုက်ခြောက်ပါတော့တယ်။ သူ့ရဲ့ ပြဲနေတဲ့ပါးစပ်ကြီးကိုပြပြီး “ကျွန်မလှလား” လို့မေးတတ်ပါတယ်။ လှတယ်ပဲပြောပြော၊ မလှဘူးပဲပြောပြော သူတို့ရဲ့ ပါးစပ်ကို သူ့လိုပဲ ဖြဲပစ်ပါတယ်လို့ ဆိုကြပါတယ်။

(၃) ခေါင်းပြတ်နေတဲ့သီလရှင်
နောက်ထပ် အမျိုးသမီးတစ္ဆေကတော့ Sister Marie Inconnue ဖြစ်ပါတယ်။ သူဟာ ကနေဒါနိုင်ငံက ခေါင်းပြတ်တစ္ဆေ လို့ နာမည်ကြီးတဲ့ အမျိုးသမီးဖြစ်ပါတယ်။ သက္ကရာဇ် ၁၇၀၀ လောက်ကတည်းက ပြောစမှတ်ပြုလာကြတဲ့ အကြောင်းအရာတစ်ခုပါ။ ပုံစံအမျိုးမျိုးနဲ့ပြောကြပေမယ့် အကြောင်းအရာကတော့ အတူတူပါပဲ။ စိတ်မနှံ့တဲ့ မုဆိုးတစ်ယောက်က သီလရှင်ရဲ့ ခေါင်းကိုဖြတ်ပြီး တောအုပ်ထဲကိုယူပြေးသွားတယ်။ အဲဒီ့အချိန်ကစပြီး သူ့ဝိညာဉ်က မကျွတ်တော့ပဲ သူ့ဦးခေါင်းကို ပြန်ရပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း အပြည့်စုံမချင်း သူ့ခေါင်းကိုလိုက်ရှာနေဦးမယ်လို့ ဆိုကြပါတယ်။

ZawGyi

ကမာၻေပၚကေၾကာက္စရာအေကာင္းဆုံးနဲ႔နာမည္အႀကီးဆုံး အမ်ိဳးသမီးတေစၦ(၃)ေကာင္
ဒီတစ္ခါ ဗဟုသုတလည္းရ၊ သည္းထိတ္ရင္ဖိုေတြကိုႀကိဳက္တဲ့ သူေလးေတြအတြက္ ကမာၻေပၚက နာမည္အႀကီးဆုံး အမ်ိဳးသမီးတေစၦသုံးဦးနဲ႔ သူတို႔ရဲ႕ ရာဇဝင္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။.

(၁) La Llorona
ဒီအမ်ိဳးသမီးကို ငိုေနတဲ့မိန္းမ လို႔လည္း ေခၚၾကပါတယ္။ စပိန္ နဲ႔ မကၠဆီကိုကေနေပါက္ဖြားလာတဲ့ အေၾကာင္းအရာေလးျဖစ္တယ္။ မာရီယာလို႔ေခၚတဲ့ အမ်ိဳးသမီးဟာ သူ႔ခင္ပြန္းအျခားမိန္းမနဲ႔ ေဖာက္ျပန္ေနတာ သိသြားၿပီးေတာ့ လက္စားေခ်တဲ့အေနနဲ႔ သူ႔ခင္ပြန္းနဲ႔ရထားတဲ့ ကေလးႏွစ္ေယာက္ကို ေရႏွစ္ၿပီးသတ္လိုက္ပါတယ္။ ခဏအၾကာမွာ သူ႔ကိုယ္သူလည္း ေရႏွစ္ၿပီး သတ္ေသခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ဝိညာဥ္ကေတာ့ မကြၽတ္မလြတ္ပဲ သူ႔ရဲ႕ ကေလးေတြကို လိုက္ရွာေနတယ္လို႔ ဆိုၾကပါတယ္။ “ငါ့ရဲ႕ကေလးေတြဘယ္မွာလဲ” ဆိုၿပီး သူေျပာေနတဲ့ အသံကိုၾကားတဲ့သူဟာ ေသရတယ္လို႔လည္း ဆိုၾကပါတယ္။

(၂) Kuchisake-Onna
Kuchisake-Onna ဆိုတာဟာ ဂ်ပန္လိုျဖစ္ၿပီး ျမန္မာလို ပါးစပ္ၿပဲေနတဲ့အမ်ိဳးသမီး လို႔ အဓိပၸါယ္ရပါတယ္။ ဒီျဖစ္ရပ္ရဲ႕အစက အိမ္ေထာင္ေရးေဖာက္ျပန္တဲ့မိန္းမျဖစ္သူကို ေယာက်္ားျဖစ္သူက ပါးစပ္ကို ဓါးနဲ႔ၿဖဲၿပီး သတ္ခဲ့ပါတယ္။ အဲဒီ့ေနာက္မွာေတာ့ သူ႔ရဲ႕ ဝိညာဥ္က မကြၽတ္မလြတ္ေတာ့ပဲ ၿမိဳ႕တြင္းကလူေတြကို လိုက္ေျခာက္ပါေတာ့တယ္။ သူ႔ရဲ႕ ၿပဲေနတဲ့ပါးစပ္ႀကီးကိုျပၿပီး “ကြၽန္မလွလား” လို႔ေမးတတ္ပါတယ္။ လွတယ္ပဲေျပာေျပာ၊ မလွဘူးပဲေျပာေျပာ သူတို႔ရဲ႕ ပါးစပ္ကို သူ႔လိုပဲ ၿဖဲပစ္ပါတယ္လို႔ ဆိုၾကပါတယ္။

(၃) ေခါင္းျပတ္ေနတဲ့သီလရွင္
ေနာက္ထပ္ အမ်ိဳးသမီးတေစၦကေတာ့ Sister Marie Inconnue ျဖစ္ပါတယ္။ သူဟာ ကေနဒါႏိုင္ငံက ေခါင္းျပတ္တေစၦ လို႔ နာမည္ႀကီးတဲ့ အမ်ိဳးသမီးျဖစ္ပါတယ္။ သကၠရာဇ္ ၁၇၀၀ ေလာက္ကတည္းက ေျပာစမွတ္ျပဳလာၾကတဲ့ အေၾကာင္းအရာတစ္ခုပါ။ ပုံစံအမ်ိဳးမ်ိဳးနဲ႔ေျပာၾကေပမယ့္ အေၾကာင္းအရာကေတာ့ အတူတူပါပဲ။ စိတ္မႏွံ႔တဲ့ မုဆိုးတစ္ေယာက္က သီလရွင္ရဲ႕ ေခါင္းကိုျဖတ္ၿပီး ေတာအုပ္ထဲကိုယူေျပးသြားတယ္။ အဲဒီ့အခ်ိန္ကစၿပီး သူ႔ဝိညာဥ္က မကြၽတ္ေတာ့ပဲ သူ႔ဦးေခါင္းကို ျပန္ရၿပီး ကိုယ္အဂၤါအစိတ္အပိုင္း အျပည့္စုံမခ်င္း သူ႔ေခါင္းကိုလိုက္ရွာေနဦးမယ္လို႔ ဆိုၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*