(၄၁)နှစ်ပိုကြီးတဲ့ အဖိုးကြီးရဲ့အချစ်နွံက ရုန်းမထွက်နိုင်ဘူးဆိုတဲ့ (၂၂)နှစ်အရွယ် အမျိုးသမီး

ချစ်ခြင်းမေတ္တာဆိုတာ အလွန်ဆန်းကျယ်ပါတယ်။ တစ်ခါတလေမှာ ထင်မှတ်မထားတဲ့ ဖူးစာစုံမှုတွေကို ဖန်တီးတတ်သလို၊ တစ်ခါတလေ ကျပြန်တော့လည်း နဖူးစာရွာလည် ဆိုတဲ့အတိုင်းပဲ ငယ်ပေါင်းကြီးဖော် အချင်းချင်း ပြန်ပြီးရင်းနီးသွားတတ်ပါတယ်။ တစ်ခါတရံကျပြန်တော့လည်း မိုင်ထောင်ချီအဝေးမှာ သွားပြီး ဖူးစာစုံတတ်သလို၊ တစ်ခါတလေမှာတော့ အသက်အရွယ်ကွာဟချက် ကြီးမားလွန်းသူကိုလည်း ချစ်မိတတ်ပါတယ်။


အခု ဖော်ပြပေးမယ့်သတင်းလေးက အသက်(၂၂)နှစ်အရွယ် ကောင်မလေးနဲ့ အသက် (၆၄)နှစ်အရွယ် အဖိုးကြီးတစ်ဦးတို့ရဲ့အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး သံယောဇဉ်တွယ်တာမိကြပြီး ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်ကတည်းက တွဲလာခဲ့ကြတာပါ။

အမျိုးသမီးရဲ့နာမည်ကတော့ Molly လို့သာ သိရပြီး၊ အဖိုးရဲ့နာမည်ကတော့ Tom ပါတဲ့။ အသက်အရွယ် ကွာခြားလွန်းပေမယ့်လည်း ဒီလို အသက်ထက်ဝက်နီးပါးကြီးတဲ့ အဖိုးတစ်ယောက်ထံမှာ သူမရဲ့အပျိုစင်ဘဝကို အပ်နှံလိုက်ရတာဟာ ဘာနဲ့မှမတူကြောင်း၊ အလွန်ကို ကြီးကျယ်ခမ်းနားကြောင်း Molly က ဆိုပါတယ်။ Molly က Tom ကို သိပ်ချစ်ပါတယ်တဲ့။


သူမက ” သူက ကျွန်မရဲ့ တစ်ဦးတည်းသော မူပိုင်ရှင်ပါ … ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး … သူဟာ ကျွန်မကို တစ်ဘဝလုံး ကြင်နာသွားမယ့်သူပါ … “လို့ ယုံယုံကြည်ကြည် ပြောခဲ့ပါတယ်။ သူမတို့နှစ်ယောက်ဟာ (၂၀၁၆)မှာ အမေရိကန် Pennsylvania မှာတည်ရှိတဲ့ လေဟာပြင်ဈေးမှာ စတင်တွေ့ဆုံခဲ့ပြီး မြင်မြင်ချင်း ရင်းနီးခဲ့ကြတာပါ။

အဲဒီမှာ နှစ်ဦးစလုံး အတူတူ အလုပ်လုပ်ကြတာဖြစ်ပြီး ချက်ချင်းရင်းနီးခဲ့ပါတယ်။ Molly က အရင်ဦးဆုံး Tom ကို စွဲဆောင်မြှုစွယ်ခဲ့တာဖြစ်ပြီး အချိန်အနည်းငယ်အတွင်းမှာ အတော်လေးကို ရင်းနီးသွားခဲ့ကာ နောက်ထပ် လအနည်းငယ်အကြာမှာ နှစ်ဦးသား စပြီး Date ခဲ့ကြတာလို့ သိရပါတယ်။ သူတို့ရဲ့ပထမဆုံးအနမ်းဟာ (၂၀၁၆) အောက်တိုဘာ (၃၁)ရက်ဖြစ်တယ်လို့တောင် Molly က မှတ်သားထားသေးတယ်လို့ ဆိုပါတယ်။


Molly ရဲ့ဖခင်ဟာ Tom ထက် (၂၂)နှစ်ပိုငယ်ပြီး၊ ဒီအတွက် Molly ရဲ့ မိဘတွေက သူမတို့စုံတွဲကို အပြင်းအထန် ကန့်ကွက်နေတယ်လို့ သိရပါတယ်။ Molly နဲ့ Tom တို့ဟာ ကန့်ကွက်မှုတွေ ရှိနေသော်ငြားလည်းပဲ အချစ်မပြတ်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် လောလောလတ်လတ် လက်ထပ်ဖို့ အစီအစဉ် မရှိသေးသလို၊ ကလေးယူဖို့လည်း အစီအစဉ် မရှိသေးဘူးလို့ သူမက ဆိုထားပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*