အဖေများနေ့မှာ ဖခင်ကိုSurpriseလုပ်ဖို့ ခရီးရှည်ကြီးနှင်လာခဲ့ပေမဲ့ အိမ်ရောက်တော့ဖခင်ကိုသေဆုံးလျက်တွေ့ရှိခဲ့တဲ့ သားဖြစ်သူ (ရုပ်သံ)

အမျိုးသားတစ်ယောက်ဟာ ဖခင်များနေ့မှာ ဖခင်ကို Surprise လုပ်ချင်လွန်းလို့ အိမ်ပြန်လာခဲ့ပေမဲ့လည်း အဆုံးသတ်မှာတော့ အံ့သြထိတ်လန့်စွာနဲ့ပဲ ဖခင်ဖြစ်သူဟာနေအိမ်မှာ သေဆုံးနေလျက်သားနဲ့ တွေ့ရှိခဲ့ရပါတယ် ။ အဆိုပါ Surprise လုပ်မယ်ဆိုပြီး ရိုက်ကူးထားခဲ့တဲ့ video ဟာ 10 မိနစ်သာရှိပြီး ၊ အဆိုပါအမျိုးသားဟာ အိမ်ပြန်လာတဲ့တစ်လျှောက်လုံးကို video ရိုက်ကူးပြီး မှတ်တမ်းတင်လာခဲ့တာပါ ။ Video ထဲမှာတော့ အဆိုပါအမျိုးသားဟာ ဖိလစ်ပိုင်နိုင်ငံမှာ အသုံးများနဲ့ Tagalog ဘာသာစကားဖြင့်ပြောဆိုနေခဲ့ပြီး ၊ ဖခင်ဖြစ်သူကို Surprise ပြုလုပ်ပေးမဲ့ အစီအစဉ်တွေကို ရှင်းပြနေခဲ့တာပါ ။

သို့ပေမဲ့လည်း video ရဲ့ 3:30 မိနစ်အရောက်မှာတော့ တိုက်ခန်းရဲ့စြင်္ကံလမ်း တစ်လျှောက် လမ်းလျှောက်လာခဲ့ပြီးနောက် အပြင်ဖက်စြင်္ကံလမ်းပေါ်က ကုတင်ပေါ်မှာလဲလျောင်းနေခဲ့တဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပါတယ် ။

ရုပ်အလောင်းအနားသို့ မရောက်မီ အခြားလူများကအဆိုပါ အမျိုးသားကို နှစ်သိမ့်ဖို့ကြိုးစားနေခဲ့ပါတယ် ။ ထို့နောက် အလျင်အမြန်ပဲရုပ်အလောင်းနားသွားကြည့်လိုက်ချိန်မှာတော့ သူ၏ဖခင်ရုပ်အလောင်းမှာကုတင်ပေါ်လှဲလျောင်းနေတာ တွေ့ရှိခဲ့တာနဲ့ချက်ချင်း အံ့သြထိတ်လန့်သွားပြီး သဲကြီးမဲကြီးငိုကြွေးခဲ့ပါတော့တယ် ။

ဖခင်များနေ့မှာ ဖခင်ဖြစ်သူကို Surprise လုပ်ချင်လွန်းလို့ အိမ်သို့အရောက်ပြန်ပြီး အစီအစဉ်ဆွဲခဲ့ပေမဲ့လည်း အသက်မဲ့နေတဲ့ခန္ဓာကိုယ်နဲ့ ကုတင်ပေါ်မှာအိပ်စက်နေခဲ့တဲ့ဖခင်ကိုတွေ့လိုက်ရတဲ့ အဆိုပါအမျိုးသားရဲ့ အဖြစ်ဟာ အတော်လေးကိုရင်ထဲစို့နင့်ဖွယ်ကောင်းလွန်းလှပါတယ် ။ ထို့ကြောင့် မိဘတွေကို ချစ်ခင်ရိုသေတဲ့ သားသမီးတွေတိုင်း ယခုကဲ့သို့အဖြစ်မျိုးမကြုံတွေ့ရအောင် အမြဲဆုတောင်းနေမိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*