
အမေရိကန်ပြည်ထောင်စု ဆီယက်တယ်မြို့တွင် နာမည်ကျော်ခွေးတစ်ကောင်ရှိသည်။ အဆိုပါခွေး နာမည်ကျော်ရသည့်အကြောင်းရင်းမှာ နေ့စဉ်နေ့တိုင်း ဘတ်စကားကို ၎င်းဘာသာတက်စီးကာ ပန်းခြံသွားသောကြောင့်ဖြစ်သည်။
”ဘတ်စကားသမားတိုင်း သူ့ကိုသိတယ်။ သူက ထိုင်ခုံပေါ်မှာ အကျအနထိုင်တာ။ သူ့ကိုတွေ့တဲ့လူတိုင်း ပြုံးသွားကြတာချည်းပဲ။ ခွေးကြီးက ချစ်စရာကောင်းတော့ ဘယ်သူက မချစ်ဘဲနေနိုင်မှာလဲ”ဟု ဘတ်စကားစီးခရီးသည်တစ်ဦးက ဆိုသည်။
အက်ကလစ်ဆိုသည့် အဆိုပါခွေး ဘတ်စကားကို ၎င်းဘာသာတက်စီးဖြစ်သွားရသည့်အကြောင်းရင်းမှာ ဤသို့ဖြစ်သည်။ တစ်နေ့တွင် ၎င်းသည် ဘတ်စကားစီးပြီး ပန်းခြံသွားရန်ကားမှတ်တိုင်တွင် သခင်နှင့်အတူ ထိုင်စောင့်နေသည်။
ကားလာသော်ငြားဆေးလိပ်သောက်၍မပြီးသေးသဖြင့် သခင်က ကားပေါ်မတက်ပေ။ ထို့ကြောင့် အက်ကလစ်က သခင်ကို မစောင့်တော့ဘဲ ကားပေါ် ၎င်းဘာသာ တက်သွားတော့သည်။
ဆင်းရမည့်မှတ်တိုင်ကိုလည်း ၎င်းကကောင်းကောင်းသိသည်။ ထို့ကြောင့် ၎င်းခွေး ၎င်းဘာသာကားစီးတတ်သည်ဆိုသည်ကို သခင်ဖြစ်သူက သိသွားပြီး လွတ်ထားလိုက်တော့ သည်။
သခင်ဖြစ်သူက နောက်မှသာ ဘတ်စကားစီးပြီး ပန်းခြံသို့ လိုက်လာတော့သည်။ ယာဉ်မှူးများသည်လည်းကောင်း၊ ဘတ်စကားခရီးသည်များသည်လည်းကောင်း ထိုခွေးကို ချစ်ကြသည်။
Leave a Reply