မကျွတ်လွတ်သေးတဲ့ ဗိဿနိုး ဘုရင်မ ပန်ထွာ

ဒီအကြောင်းကို သိရှိသူ အင်မတန် နည်းပါးပါလိမ့်မယ်။ ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းကြီးကတော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ယနေ့ထိတိုင် ကျန်ရှိနေသေးတဲ့ ကျိန်စာတွေ၊ ပရလောကသားတွေ အပြည့်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာနေတဲ့ ကျွန်တော်တို့ ကို စိမ်ခေါ်နေပါတော့တယ်။


ရန်ကုန်ကနေ ဗိဿနိုးမြို့ဟောင်းကို မိုင်ပေါင်း ၃၂၀ ကွာဝေးပါတယ်။ ဘီစီ ၄ရာစု မှာ တည်ထောင်တဲ့မြို့ဖြစ်ပါတယ်။ တောင်တွင်းကြီး ကနေ ၁၂ မိုင် အကွာမှာ တည်ရှိပါတယ်။ မိုးနည်းရေရှား အရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်း ကရေ ကို အဓိက အားထားကြရပါတယ်။ ဒါ့ အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန် အချို့ရှိသော်လည်း ယခုအခါ ရေခမ်းခြောက် သလောက် ရှိနေပါပြီ။

ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက အသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီ သက်တမ်း ရှိနေကြပါတယ်။ အမြင့်က လူတစ်ရပ်လောက်ပဲ ရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မ ရဲ့ ဆုတောင်းတစ်ခုပါ။ “ငါလာမှကြီး၊ ငါလာမှသီး” ဆိုတဲ့ ဆုတောင်း အတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မ လူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာ လို့ အဆိုရှိပါတယ်။

ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ် လို့ခေါ်တဲ့ ဥယျာဉ်တစ်ခု ရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မ လက်ထက်တော်မှ ယနေ့အထိ အင်ကြင်းပင် တစ်ပင်မှ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်း အကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာ တစ်ဝိုက်မှာတွေ့နေရဆဲပါ။

ဒီ အင်ကြင်းဥယျာဉ် ကို ပန်ထွာဘုရင်မ က ဗိဿနိုးနတ်မင်းကြီး ကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။ ဥယျာဉ်ထဲမှာ အင်ကြင်းပင် မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး ရဲ့ အမိန့် နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲ က ိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ခေါ်တာပါ။ ယခုထိလည်း ဘယ်ကမှန်း မသိတဲ့ အင်ကြင်းပွင့်တွေရောက်နေဆဲပါ။

အထူးသဖြင့် ပန်ထွာဘုရင်မ တည်ခဲ့တဲ့ ရွှေရောင်တော်စေတီ မှာ အင်ကြင်းပန်းတွေကို ဘုရားပန်း လှူထားတာအပြင် ဘုရားရင်ပြင် တစ်ဝိုက်ပြန့်ကြဲစွာ ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် အင်ကြင်းပန်းတွေ ဘယ်ကလာသလဲ ဆိုတာကိုတော့ ဘုရင်မ ပန်ထွာ ရဲ့ ဝိဉာဉ်သာ သိပါလိမ့်မယ်။

ဒါ့အပြင် ဗိဿနိုးမြို့ ဟောင်းထဲမှာ အသားစားခွင့် မရှိပါဘူး။ စည်းကမ်းတွေ အရမ်းတင်းကြပ်ပါတယ်။ ဝိနည်း နဲ့ မညီတဲ့ ရဟန်းတွေနေခွင့် မရှိပါဘူး။ နေခွင့် မရှိလို့လည်း ပန်ထွာဘုရင်မ ရဲ့ ဝိဉာဉ်ကို ပဌာန်းဆက်ကြောင့် သြဇာညောင်း တဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော် ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ ဟောင်းမှာ ရှိပါတယ်။

ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေ ရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ ကြီး ပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက်ရောက်ရတာကို အညှိုးထားပြီး သိက္ခာ နဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို ပန်ထွာဘုရင် မဝိဉာဉ်က လက်မခံတာပါ။
ရှေးဟောင်းသုတေသနဌာန က ဗိဿနိုးမြို့ ဟောင်းကြီးကို တော်တော် များများ တူးဖော် ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ တူးဖော်ရာမှာလည်း မကျွတ်လွတ်သေးတဲ့ ပန်ထွာ ဘုရင်မ ရဲ့ ဝိဉာဉ်ကိုမြင်ခဲ့ကြရပါတယ်။ အမှားအယွင်း မလုပ်ရဲကြပါဘူး။ တွေ့ရှိဖူးတဲ့သူတွေရဲ့ အဆိုအရ ပန်ထွာ ဘုရင်မက အသားအရေဖြူစပ်စပ်ရှိပြီး အရပ်က ၇ပေ နီးပါးရှိတယ်လို့ဆိုပါတယ်။

ဒီအချက်ကတော့ ဗိဿနိုးမြို့ ဟောင်းထဲက အရပ် ၇ပေ ရှိတဲ့ အမျိုးသမီးတစ်ဦး ရဲ့ အရိုးစုနေရာကို တူးဖော်မိရာကနေ ပန်ထွာဘုရင်မ ရဲ့ အရိုးစု လို့ ယူဆခဲ့ရာ က ဖြစ်ပေါ်လာတဲ့အကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။

အဲဒီအရိုး ကို နယူဂျာစီက တွက်ချက်ပေးရာမှာ နှစ် ၂၀၀၀ သက်တမ်း ရှိနေပါပြီ။ဒါပေမယ့် ဗိဿနိုးမြို့ ဟောင်းထဲမှာ ည အချိန်တစ်ယောက်ထဲ သွားဝံ့သူ မရှိပါဘူး။ ပန်ထွာဘုရင်မ ရဲ့ ဝိဉာဉ်ဓာတ် က ခြောက်ခြားအောင်လွှမ်းမိုးထားဆဲပါ။

အနီးအနားက ရွာတွေက ရွာခံတွေလည်း မသွားရဲပါဘူး။ ပန်ထွာ ဘုရင်မ ကို နတ်နန်းဆောက် ကိုးကွယ်တဲ့ ဓလေ့ယနေ့အထိ ရှိပါတယ်။ နတ်ဆက်ရာမှာ လည်း သက်သက်လွတ် သစ်ဖုသစ်ဥတွေသာ ဆက်သရပါတယ်။ အသား၊ ငါး မဆက်ရပါ။

ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ဗိဿနိုးမြို့ ဟောင်းကြီးက သွားရောက် လည်ပတ်သူနည်းပါးစွာ နဲ့ နှစ်ထောင်ချီ ခြောက်သွေ့နေပါတယ်။ ဒါပေမယ့် ဗိဿနိုးမြို့ ကို သွားရောက်ပြီး ပန်ထွာဘုရင်မ ကို မပျင်းရအောင် မကြာခဏ ဆိုသလို အနည်းဆုံး တစ်နှစ် တစ်ခေါက် ၊နှစ်ခေါက် သွားရောက် ဂါရဝပြုနေကြတဲ့ လူ အချို့တော့ရှိနေပါတယ်။

အဲဒီလူတွေကတော့ ပန်ထွာဘုရင်မ ကို သစ္စာရှိပါ့မယ် လို့ သစ္စာဆိုပြီး ဗိဿနိုးမြို့ ရဲ့နောက်ဆုံး အချိန်ထိ သရေခေတ္တရာတပ်တွေကို ခုခံရင်း အသေခံ တိုက်ပွဲဝင်သွားတဲ့ ပန်ထွာဘုရင်မ ရဲ့ စစ်သူကြီးလေးဦး နဲ့ သူတို့ရဲ့ အနွယ်တော်တွေထဲက လူ့ဘဝ ကို ပြန်လည် ရရှိသူတွေဖြစ်ပါကြောင်း။ ။

Be the first to comment

Leave a Reply

Your email address will not be published.


*