မိမိ အိမ် မှာ အိမ်အကူ ခေါ်မယ်ဆိုရင် ဒါလေးတွေ သတိယှဉ်

မနက်က အိမ်ရှင်မစကားဝိုင်းမှာ ဖတ်လိုက်ရတဲ့ ပို့စ်က ၁၅ နှစ်အရွယ် အိမ်အကူ ကောင်မလေး က အိမ်မှာ လူကြီးတွေမရှိတုန်း ကလေး တွေကို ခေါ် အပြာကားဖွင့်ကြည့်သတဲ့ ..

နောက်တယောက်က ပြောတာ ကလေးကို ပုခက်ထဲမှာ ထည့်သိပ်ပြီး ဆေးလိပ်တွေထိုင်သောက်နေတာကို အိမ် ကို တိတ်တိတ်လေးပြန်လာတာ မှာ မိသတဲ့ .. တကယ်ပဲ စိတ်မကောင်းပါဘူးတချိန်က ကိုယ်လည်း အိမ်အကူတွေကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတာကို သွားသတိရတယ်

LiquidLibrary

သမီးကြီး ခပ်ငယ်ငယ်က ထိန်းတာ ကရင်မလေး ပါ ..အိမ်မဲ မြို့က လာလုပ်တာ ..အမြဲ တမ်း မြုံ စိစိနဲ့ .. ကလေး ကိုလည်း ငြိမ်ငြိမ်လေးနေခိုင်းတယ် ..ဆော့ရင် မမ ပြန်တော့မယ်လို့ အမြဲ ခြိမ်းခြောက်တယ် .. အဆိုးဆုံးက ညဖက်တွေ ဆို အိပ်အောင် အိပ်ယာထဲက ဘယ်မှ ထမသွားချင်အောင် ခြောက်တာပါပဲ ..ကြောင်ကြီးလာကိုက်မယ် နော် တို့ သရဲ ရှိတယ်တို့ .. အဲဒီတုန်းက ကိုယ်ကလည်း ကျောင်းက တဖက် နောက်ပြီး သမီး ၉ လလောက် အရောက်မှာ နောက်ကလေးရှိပြီး ပျက်တာကြောင့် နေမကောင်းဖြစ်ပြီး အိပ်ယာ က မထနိုင် ကလေး ကို မကြည့်နိုင်တဲ့ အချိန်ပေါ့ .. နေ့ဖက် သူနာပြု ငှားထားပေမဲ့ ညဖက်ဆို သူနဲ့ ပဲ ထားခဲ့မိတယ် ။

..အဲဒီအပြစ်က သမီး က ခုဆို အရမ်းကြောက်တတ်တာပဲ ..ကြောင်ကြီး လာကိုက်မယ် အမြဲ ပြောတော့ ခုထိ ကြောင်မြင်ရင် အသေကြောက်တုန်း .. ပြီးတော့ ကလေးက သူ့လိုပဲ မြုံစိစိနဲ့ စကား ၄ လုံးကွဲအောင် မပြောပဲ သူ့အကျင့်တွေ ဖြစ်ကုန်တယ် .. ဒါပေမဲ့ သူက ၂ နှစ်လောက်ထိပဲ ကြည့်ပြီး နောက်ကြည့်တဲ့ တယောက် က သူ့ထက်ပိုဆိုးတယ် .။
.
သူကတော့ ကျိုက်ထို က လာလုပ်တာ ..သွက်သွက်လက်လက်နဲ့ အလုပ် လည်း တော်တော်လုပ်ပါတယ် ..ကိုယ့်အကြိုက်ကိုလည်း သိလို့ မျက်နှာလွှဲရတယ် အိမ်မှာ သူ့လက်သူ့ခြေပေါ့ ..သူက တော်တော်လေးလည်း ကြာပါတယ် .. သူကတော့ ကလေးနဲ့ အမေကြားမှာ သွေးခွဲတာပါ .. ။

တခုခုဆို နင့် အမေ ဆူလိမ့်မယ် .. ကလေး က ကလေး မို့ သကြားလုံး စားချင်ရင် သူက ဝယ်ကျွေးပြီး မမ မို့ ဝယ်ကျွေးတာ နင့် အမေ က ဒါတွေမကျွေးရဘူးလို့ မှာတယ် ဆိုပြီး ကလေး စိတ်ထဲမှာ အမေကို မုန်းလာအောင်ကို ပြောတတ်တယ် .. ပိုဆိုးတာက သမီးလေး ကို မွေးတော့ နင့် အမေ က နင့်ကို မချစ်တော့ဘူး နင့် ညီမလေး ကိုပဲ ချစ်တာလို့ ပြောပြန်တယ် .. ကိုယ်ကလည်း အဲဒီအချိန်က အလုပ်အရမ်းကောင်းတော့ ငွေနောက်လိုက်ပြီး အလုပ်ပဲ ဖိလုပ်နေမိတာ ..။

တရက်တော့ သူတို့ ရွာက သူ့ ညီမဝမ်းကွဲ လေးကို အလုပ်သွင်းတယ်..အဲဒီတယောက်က ၅ လစာလောက်ထုတ်ပေးပါ သူ့အမေနေမကောင်းတာ ဆေးကုချင်လို့ ပါဆိုတော့ ကိုယ်ကလည်း လူလိုနေလို့ ငွေထုတ်ပေးပြီး ကူညီလိုက်တယ် .။

ဒီလိုနဲ့ ၅ လပြည့်တော့ သူပြန်တဲ့ အချိန်မှာ ကျေးဇူးဆပ်တဲ့ အနေနဲ့ ကလေး တွေကို ဘယ်လိုတွေလုပ်နေတယ် ဆိုတာကို သူက ဖွင့်ပြောခဲ့တာ .. ကလေးတွေစားမဲ့ အစားအစာတွေမှာရော ကိုယ်စားမဲ့ အစားမှာရော သူ့စကားအောင်အောင် သူ့ကို ချစ်အောင် ဆိုပြီး သူ့တံတွေးတွေထည့်ထည့်ကျွေးနေတာတဲ့ ။

..ဒါကြောင့် ကလေး တွေက သူပြန်သွားရင် ဖျားတာ သူပြန်လာမှကောင်းတယ် ..သူ့ကိုလည်း အရမ်းကပ်လို့ သူ အလုပ် ထွက်မှာတောင် စိုးနေမိတာလေ .. တနေ့တော့ လှော်ကားဆရာတော်ကြီးဆီ ဆွမ်းသွားကပ်တော့ ဆရာတော်ကြီး က ခေါင်း ကို ကိုင် အန္တယ်ရယ်ကင်းရှင်းပါစေလို့ ဆုပေးလိုက်တယ် .. ဆရာတော်ကြီးရဲ့ ပုံကိုလည်း ပေးလိုက်တယ် ..။

အဲဒီကလည်း ပြန်လာရော သူက မျက်စိမျက်နှာတွေပျက်လို့ ဆရာတော်ကြီးပုံကို ဘုရင်းစင်ပေါ်တင်ထားတာကို သူ့မှာ အိမ်ရှေ့နဲ့ အိမ်နောက် ပြေးနေတယ် ပူလောင်လွန်းလို့ တဲ့ ..။

အဲဒီကစပြီး သူ့လုပ်ရပ်တွေတဖြည်းဖြည်းပေါ်လာတာ ..၅ ကျပ်သား ရွှေဘယက် ကို ခိုးပြီး ဒရိုင်ဘာနဲ့ ပေါင်းလို့ ၁၅ သိန်းနဲ့ ရောင်းတာ
အဲဒီငွေနဲ့ လှိုင်သာယာ ကျူးကျော်ရပ်ကွက်မှာ ၈ သိန်းနဲ့ မြေတကွက်ဝယ်တာ ကျန်တာကို ရိုးမဘဏ်မှာ ထားပြီး တခြားအလုပ်သမားတွေကို ၅ ကျပ်တိုးနဲ့ ချေးတာ စသဖြင့်အစုံပေါ်လာတာနဲ့ သူ့ကို အလုပ်ထုတ်လိုက်
တာ .. ။
သူထွက်သွားပြီးမှ အိမ် ဖိနပ် ချွတ်က ကော်ဇော မှာ ကိုယ့်ဓါတ်ပုံကို အင်းတွေချပြီး ကော်နဲ့ ကပ်ထားတာကို တွေ့ခဲ့ရတယ် ..အဲဒီတုန်းက ကိုယ်ကလည်း အသက်က ၂၅ လောက် ရှိသေးတာ သူက အသက်အားဖြင့် ကိုယ့်ထက်တောင် ကြီးသေးတာလေ ..။

ခုလိုလည်း မရင့်ကျက်ဘူး အလုပ်သာလုပ်ပြီး ကလေး အမေ သာ ဖြစ်နေတာ စိတ်က ၂၅ နှစ်အရွယ် လောက်ပဲ ဆိုတော့ သူတို့ ခြယ်လှယ်ချင်တိုင်း ဖြစ်နေတာပေါ့ ..
အတွေ့အကြုံပေါ့လေ .. သတိလေးပေါ့ .. ဆေးဝါး အစီအရင် တွေဟာ တကယ် ရှိတဲ့ ပညာရပ် တွေဆိုတာ ယုံသွားတယ် ..

Be the first to comment

Leave a Reply

Your email address will not be published.


*