တမင်သတ်သတ် ကားကိုဝင်တိုက်ပြီးနောက် ဆိုင်ကယ်မှောက်သွားပြီးဒဏ်ရာရသွားသလို ပေါ်တင်လုပ်စားနေတဲ့အမျိုးသား(ရုပ်သံ)

ခေတ်ကာလအရ တစ်ချို့သောသူတွေဟာ ပိုက်ဆံကိုမရှာချင်ကြတော့ပဲ အရှောင်နည်းနဲ့ရအောင် မကောင်းတဲ့နည်းမျိုးစုံသုံးပြီး ရိုးအတယ်လို့ထင်ရတဲ့လူတွေကို လိမ်စားနေလေ့ရှိကြပါတယ် ။ အထူးသဖြင့် အခုခေတ်မှာ အတော်များများတွေ့ရတာကတော့ ဆိုင်ကယ်သမားတွေဟာ သတ်သတ်မဲ့ ကားရှေ့မှာ ဝင်အတိုက်ခံပြီး ငွေညှစ်တောင်းနေကြသလိုပေါ့ ။

ဒီတစ်ခေါက်မှာလည်း We are Malaysians ဆိုတဲ့ Facebook စာမျက်နှာတစ်ခုက ယာဉ်တိုက်မှုအတုဖန်တီးပြီး သတ်သတ်မဲ့ငွေညှစ်စားနေတဲ့ ဆိုင်ကယ်သမားရဲ့ Video ကိုဝေမျှခဲ့ပါတယ် ။ ထို့အပြင် ” Boleh-land မှာ ယာဉ်မတော်တဆမှုအတုဖန်တီးပြီး ငွေရှာနေကြတာ ၊ အခုတစ်လော မလေးရှားမှာ ယာဉ်မတော်တဆမှုအတုတွေဖန်တီးနေကြတာကို မကြာခဏတွေ့နေရတယ် ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ် ။

Video ထဲမှာတော့ ဆိုင်ကယ်သမားဟာ လမ်းအကွေ့ဖက်ကနေ ကွေ့ဝင်လာပြီးနောက် ဆိုင်ကယ်ကောင်းကောင်းမမောင်တတ်သလိုနှင့် အရှိန်နှေးနှေးနှင့် မောင်နှင်လာသောကားနဲ့ တိုက်မိသလို ဟန်ဆောင်ခဲ့ပါတယ် ။ ထို့နောက် ဖြေးဖြေးညင်းညင်းသာသာလေး မြေကြီးပေါ်ကျသွားခဲ့ပြီး ခြေထောက်တစ်ဖက်က လှုပ်လို့မရတော့လောက်အောင် နာကျင်နေသလိုမျိုး ဟန်ဆောင်ခဲ့ပါတယ် ။ ထိုအချိန်မှာမှ ကားပေါ်မှအမျိုးသမီးဟာ အိပ်မောကျနေတဲ့ကလေးကို ပွေ့ချီပြီး အခြေအနေကို ဆင်းကြည့်ခဲ့ပါတယ် ။ ထို့နောက် ဆိုင်ကယ်သမားမှာလည်း လမ်းဘေးတစ်နေရာတွင် ပြောင်းထိုင်ပြီး အတော်နာကျင်သလို ဟန်ဆောင်နေခဲ့ပါတော့တယ် ။

အဆိုပါ Video ကိုကြည့်ရှုပြီးကြပြီးနောက် လူအများကတော့ video ကိုမှတ်တမ်းတင်ထားခဲ့တဲ့ ကားရဲ့ယာဉ်မောင်မှ အပြစ်မရှိဘဲ ငွေညစ်ခံနေရတဲ့ အမျိုးသမီးကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ် ။ ဘာလို့လည်းဆိုတော့ ဟန်ဆောင်ပြီး ယာဉ်မတော်တဆဖြစ်သလို ဟန်ဆောင်ခဲ့တဲ့ အမျိုးသားက ငွေအများအပြားကိုတောင်းယူနိုင်လို့ပါပဲ ။ ထို့အပြင် ယခု video ကိုလည်း ကြည့်ရှုသူအတော်များခဲ့တဲ့အပြင် ပြန်လည်ဝေမျှသူ အမြောက်အမြားရှိနေကြောင်းလည်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*