စစ်ဆေးရေးဂိတ်တွေကိုဖြတ်ကျော်နိုင်ဖို့ လေယာဉ်မှူ းဝတ်စုံခိုးဝတ်ခဲ့တဲ့အပြင် TikTok video ပါရိုက်ကူးခဲ့တဲ့အမျိုးသား

ကိုယ်တွေငယ်ငယ်တုန်းကဆိုရင်လည်း ကိုယ်တွေလေးစားအားကျရတဲ့ ဆရာဝန် ၊ စစ်သား ၊ ကျောင်းဆရာ စတဲ့ဝတ်စုံတွေကို လိုက်ပြီးတုပကာ ဝတ်စားချင်ခဲ့ကြတာပါပဲ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့အမျိုးသားကတော့ လူတန်းရှည်ကြီးတွေနဲ့ လုံခြုံရေးစစ်ဆေးတဲ့နေရာတွေကို အလွယ်တကူဖြတ်ကျော်နိုင်ဖို့ဆိုပြီး လေယာဉ်မှူးဟန်ဆောင်ခဲ့ပါတယ် ။

ထို့ကြောင့် ဂျာမန်လေကြောင်းလှိုင်းတစ်ခုဖြစ်တဲ့ Lufthansa လေယာဉ်ရဲ့ လေယာဉ်မှူးပုံစံတုပပြီးဝတ်ဆင်ခဲ့တဲ့ အသက်48နှစ်အရွယ် ၊ Rajan Mahbubani အမည်ရှိတဲ့ New Delhi မြို့မှာနေထိုင်တဲ့ အိန္ဒိယနိုင်ငံသားဟာ လေယာဉ်မှူးအဖြစ်တုပဟန်ဆောင်မှုအတွက် အဖမ်းခံခဲ့ရပါတယ် ။

Rajan ဟာ အိန္နိယနိုင်ငံ ၊ Calcutta မြို့ကိုပျံသန်းထွက်ခွာသွားမဲ့ လေယာဉ်ပေါ်မှာ ပြီးခဲ့တဲ့ November 19 ရက်နေ့က အဖမ်းခံခဲ့ရတာဖြစ်ပါတယ် ။ ထို့အပြင် Rajan ဟာ pilot ID ကတ်အတုပါရှိနေခဲ့တဲ့အပြင် လေဆိပ်မှာအထူးအခွင့်အရေးရရှိအောင် အဆိုပါကတ်ကိုလေဆိပ်မှာ အကြိမ်ပေါင်းများစွာ အသုံးချခဲ့ကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း Rajan ရဲ့လျှို့ဝှက်ချက်ကို Lufthansa ရဲ့ဝန်ထမ်းတစ်ဦးကရိပ်မိခဲ့ပြီး ” Lufthansa လေကြောင်းလှိုင်းရဲ့လေယာဉ်မှူးအဖြစ် အယောင်ဆောင်ထားတဲ့ သံသယဖြစ်ဖွယ်ခရီးသည်တစ်ဦးကိုတွေ့ရှိထားကြောင်း ” လေဆိပ်ရဲ့လုံခြုံရေးဌာနသို့ လှန်းပြီး အကြောင်းကြားခဲ့ပါတယ် ။

Rajan ဟာလည်း ရပ်စောင့်နေကြတဲ့လူတန်းရှည်ကြီးနှင့် စစ်ဆေးရေးနေရာများကိုအလွယ်တကူ ဖြတ်ကျော်နိုင်ဖို့အတွက် ယခုကဲ့သို့ ဟန်ဆောင်မိခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ် ။ ထို့အပြင် လေယာဉ်မှူးယူနီးဖောင်းအပြည့်နှင့် YouTube video ရိုက်ခဲ့တဲ့အပြင် TikTok ပါဆော့ကစားခဲ့ကြောင်းဝန်ခံခဲ့ပါတယ် ။ သူ၏ ID ကတ်အတုကိုတော့ ယိုးဒယားနိုင်ငံမှာ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါသေးတယ် ။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးချိန်မှာတော့ Rajan ဟာအခြားသော ယူနီဖောင်းများနှင့် ဓာတ်ပုံများရိုက်ထားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ် ။ Rajan ဟာ ယခုအချိန်လိမ်လည်လှည့်စားမှုအတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အပြင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် 1နှစ်ကျခံရနိုင်သည့်အပြင် ၊ ဒဏ်ကြေးငွေများလည်း ပေးဆောင်ရနိုင်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*