သူလုပ်ခဲ့တဲ့အမှားအတွက် မကျေမနပ်ဖြစ်နေကြတဲ့လူများအားအနူးအညွတ်တောင်းပန်စကားဆိုလိုက်တဲ့ ယုန်လေး

ပရိသတ်ကြီးရေ အဆိုတော်ယုန်လေးကတော့ သူလုပ်ခဲ့တဲ့ အမှားအတွက်ပြန်လည်တောင်းပန်စကားဆိုလိုက်ပြန်တာပဲ ဖြစ်ပါတယ်နော်။သူ့ရဲ့ အမှားများဟာလည်း ပြည်သူလူထုတစ်ရပ်လုံး  ခွင့်မလွှတ်နိုင်စရာကိစ္စဖြစ်နေတာကြောင့် လူမှုကွန်ယက်ပေါ်တွင် ပြင်းထန်စွာ ဝေဖန်ရှုံ့ချခြင်းတွေ ခံနေရတာလည်း ဖြစ်ပါတယ်နော်။

အသံဖိုင်က ကျွန်တော့် အသံပါဝန်ခံပါတယ်။ကျွန်တော် တောင်းပန်တယ် ဆိုတဲ့ စကားနဲ့ မလုံလောက်ဘူး ဘယ်လို စကားလုံးမျိုးမှ မရှိဘူးဆိုတာ သိပါတယ် ခင်မျာ။ကျွန်တော့် သူငယ်ချင်း အရင်းတွေကြီးပဲ ရှိတဲ့ Group Chat မှာအားလုံး ထင်မြင်ချက်ကို ပြောကျတယ်။ကျွန်တော့်ကို လည်း ပြောပါ ဆိုတဲ့အတွက်လွတ်လွတ်လပ်လပ် ပြောပါဆိုတဲ့ အတွက် ကျွန်တော်ပြောမိလိုက်ပါတယ်။အဲ့ထဲ တစ်ယောက်ကလိုက်ဖြန့်လိုက်တာပါ။

မလုပ်သင့်ဘူး အရှေ့ကသီချင်းကိစ္စထဲက  စာသားနဲ့ ပြည်သူတွေ  ဝိုင်းမုန်းနေတဲ့ အချိန် ကျွန်တော့်ကို လူသတ်ကွင်းထဲ ထပ်ပိုလိုက်တာ  အဲ့သူငယ်ချင်း  မလုပ်သင့်ဘူးလိုထင်ပါတယ်။ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။တောင်းပန်လည်း  ဘယ်သူ့မှ ခွင့်မလွတ်ဘူးဆိုတာ သိပါတယ်။

အကြိမ်ကြိမ် လုပ် အကြိမ်ကြိမ်တောင်းပန်သလို  ဖြစ်နေတာလဲစိတ်ဓာတ်ပိုကျပါတယ်။ဂီတ သမား တွေပဲGroupပရဟိတGroupတခြား နယ်ပသမားပဲGroupပရ ပေါင်းများစွာကလည်း ကျွန်တော့် သူငယ်ချင်းအရင်း  တွေ ညီအစ်ကို မောင်နှစ်မတွေ ရူံ့ချ ပြောပြိးပြီး Group တွေထဲ ကထုပ်ပြစ်ကျပါတယ်။ကျေနပ်စွာ ခံယူပါတယ် ခင်မျာ။ကျွန်တော် အားလုံး  ယုံကြည်ချက်ကို ဖျက်စီးတာ မဟုတ်ပါဘူး

နေ့လည်က ဝန်ထမ်း ညီမလေး တွေအလုပ်ထွက်တဲ့  File လေးတွေ နားထောင်မိတယ်။စိတ်မကောင်းဖြစ်မိတယ်သူတို့လိုအပ်တာတွေ  တက်နိုင်သလောက်ကူဖို့လည်း  သူငယ်ချင်းတွေ နဲ့  လက်လှမ်းမှီသလောက်စီစဉ်နေချိန်ပါ အလှူ နဲ့  မဖုံးပါဘူး ဖုံးလို့လည်း မကျေနပ်ဘူးဆိုတာ  နားလည်ပါတယ် အခု မှဒီ စကားပြောတာ  မဟုတ်ပါဘူးတကယ်ပါ။

ကျွန်တော် လူစကား မပြောမိတဲ့အတွက် အနူးညွတ်တောင်းပန်ပါတယ်။အားလုံး တက်ကြွစွာ လှူပ်ရှားနေတဲ့ အချိန် မကြားချင်တဲ့ စကားကို ကျွန်တော့်ဘက်က ထွက်မိတဲ့ အတွက် အနူးညွတ်တောင်းပန်ပါတယ်။Live လွှင့်ကြည့်ပါတယ် Line လုံးဝ မကောင်းလို့ပါ။ကျွန်တော့် Ph ကို ဆက်သမျှ လူတိုင်းကိုလည်း ဖုန်းကိုင်ပြီး  တောင်းပန်နေပါတယ်  ခင်မျာ။

အနုပညာ ဆက်လုပ်လို့လည်း  မရတော့ဘူးဆိုတာ ကျွန်တော်  သိပါပြီ ခင်မျာ။ကျွန်တော်  ကံတော်တော်နိမ့်နေတယ်။

ဆိုပြီး ရေးသားထားပြီး ပရိသတ်တွေလည်း အောက်တွင် ကြိုက်သလို ရေးသားဝေဖန်နိုင်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*