ဈေးသက်သာတဲ့ အစားအသောက်တွေကိုသာ ဝယ်စားပြီး Makeup ဖိုးအတွက်ငွေစုနေလို့ဒုက္ခရောက်ခဲ့ရတဲ့ မိန်းကလေး

အခုခေတ်မှာ Makeup မလိမ်းတဲ့မိန်းကလေးတွေဆိုတာ မရှိတော့လောက်အောင်ပါပဲ ။ ထို့အပြင် Makeup သားလှအောင် ၊ အသားအရေမထိခိုက်အောင် ဈေးကြီးပေးဝယ်ရတဲ့ Makeup တွေကိုသာ အသုံးများလေ့ရှိကြပါတယ် ။ ထို့ကြောင့် မိန်းကလေးတွေဟာ ကိုယ့်ရဲ့လစာတွေထဲကနေ ငွေတွေစုပြီး Makeup တွေဝယ်စုတတ်လေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံက အသက် 26နှစ်အရွယ် မိန်းကလေးမှာတော့ Makeup တွေကိုဝယ်စုနိုင်ဖို့ သူမရဲ့ကျန်းမာရေးကို အတော်လေးထိခိုက်စေတဲ့ ဈေးသက်သာတဲ့အစားအသောက်တွေကိုသာ ဝယ်စားပြီး ၊ တစ်ခါတစ်လေ မစားမသောက်ပဲနေကာ Makeup ဖိုးအတွက်ငွေစုလေ့ရှိပါတယ် ။

အဆိုပါ အမူအကျင့်တွေကြောင့် အချိန်အတော်ကြာလာတဲ့နောက်မှာတော့ အမဲရောင်နှင့်သွေးများစွာပါတဲ့ ဝမ်းသွားမှုမျိုးဖြစ်လာခဲ့ပါတယ် ။ အစပိုင်းမှာတော့ သူမဟာ ဝမ်းကိုက်တယ်လို့သာထင်နေခဲ့ပြီး ကိုယ့်ကိုဆေးဝယ်သောက်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း တစ်ပတ်ကျော်ကြာတဲ့အထိ သူမရဲ့အခြေအနေဟာ လုံးဝမသက်သာလို့ ဆေးရုံသွားပြီး စစ်ဆေးလိုက်ချိန်မှာတော့ သူမဟာအစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ကို ခံစားနေရတာဖြစ်ကြောင်း ဆရာဝန်မှသတိပေးပြောဆိုခဲ့ပါတယ် ။

ထို့နောက် ဆရာဝန်က သူမရဲ့နေထိုင်စားသောက်တဲ့ ပုံစံကိုစစ်ဆေးမေးမြန်းလိုက်ချိန်မှာတော့ သူမဟာ အချိန်မှန်ထမင်းစားသောက်ခဲ့တဲ့နောက်ဆုံးအချိန်ကိုတောင် မမှတ်မိတော့ကြောင်း နှင့် စားသောက်ရင်လည်း ဈေးသက်သာတဲ့အစားအစာတွေကိုသာ ဝယ်စားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။

တစ်ချို့နေ့တွေမှာဆိုရင် မနက်ခင်းပေါင်မုန့်စားပြီး နေ့လည်ခင်းကျ ဖျော်ရည်ကိုသာဝယ်သောက်ပြီး တစ်ရက်သာကုန်လွန်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ် ။ သူမဟာ ငွေတွေကိုသာစုပြီး Makeup ဖိုးအတွက်သာအသုံးပြုခဲ့တဲ့အတွက် ယခုအချိန်မှာတော့သူမဟာ အစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ခံစားနေရ၍ ၊ အလုပ်ကနေလည်းထွက်ခဲ့ရတဲ့အပြင် နေ့စဉ်နေ့တိုင်းဈေးရုံသို့သွားပြီး နောင်တများစွာဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*