ဆေးရုံ(၄)ရုံမှာ စောင့်ကြည့်လူနာတွေထားနိုင်ဖို့ ငွေကျပ်သိန်း(၈၀၀) လှူခဲ့တဲ့ ချစ်သုဝေ

ချစ်သုဝေကတော့ Covid စောင့်ကြည့်လူနာတွေ ထားနိုင်ဖို့ ဆေးရုံ(၄) ရုံမှာ သိန်း(၂၀၀)တန်ဖိုးရှိ Tent တွေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ချစ်သုဝေကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ တဆင့် Covid ကာလအတွင်း အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ ဖောင်ဒေးရှင်း အနေနဲ့ အထိရောက်ဆုံး အလှူတစ်ခုဖြစ်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

” COVID ဒုတိယလှိုင်းမှာခေတ်သစ် ဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ဆေးတက္ကသိုလ် 1 ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့တိုင်ပင်အကြံ ဉာဏ်ရယူခဲ့ပါတယ်။ များပြားလာတဲ့ Case တွေအတွက် အစိုးရဆေးရုံတွေရဲ့ဝန်ကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (4) လုံး ( ရေ၊ မီး၊ airconနဲ့တကွ light partition နဲ့ တစ်လုံးလျှင် လူနာ 30 ဆံတဲ့ tentတွေပါ) လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့်

လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကိုထားရမယ့်နေရာပါ”ဆိုပြီးတော့ စက်တင်ဘာလ(၁၅) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Covid စောင့်ကြည့်လူနာများ ထားလို့ရမယ့် ဆေးရုံ(၄) ရုံစာအတွက် Tent (၄) လုံးအပြင်၊ ငှားရမ်းခ(၂)လစာအတွက် ကိုပါ ငွေကျပ်သိန်း(၈၀၀) လှူဒါန်းသွားမယ်လို့ ချစ်သုဝေက ဆိုပါတယ်။

“လူနာများထားနိုင်သော ဆေးရုံ (၄) ရုံအတွက် Tent (၄) လုံး ငှားရမ်းခမှာ (၂) လတာအတွက် သိန်း (၈၀၀) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ကျသင့်သည့် သိန်း (၈၀၀) ကျပ်အား ခေတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်များနဲ့ပူးပေါင်းကာ လှူဒါန်းသွားပါ့မယ်။ ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းမှာ တည်ဆောက်နေတဲ့ စောင့်ကြည့်လူနာများထားရန် Tent တစ်လုံးစာ သိန်း (၂၀၀) ကျပ်အား ကနဦးအလှူအဖြစ် ရန်ကုန်ဆေးရုံအုပ်ကြီးအား လှူဒါန်းခဲ့ပါတယ်။ ထပ်မံပြီး လိုအပ်နေသော Tent များအား ဆက်လက်ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ပါသဖြင့် ခေတ်သစ်ဖောင်ဒေးရှင်သို့ နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပါတယ်”လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။


ခတ်တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ ” ခေတ်သစ်ဖောင်ဒေးရှင်း” ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*