ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုု ကော်မတီက အာဏာသိမ်း စစ်ကောင်စီကို တရားစွဲမယ်

ပြည်တွင်း၊ပြည်ပ ရှေ့နေများနဲ့ချိတ်ဆက်ဆောင်ရွက်မှာဖြစ်
===============
ရန်ကုန်၊ဖေဖော်ဝါရီ၁၁ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြ ုကော်မတီကအာဏာသိမ်း စစ်ကောင်စီကို တရားစွဲမယ်လို့သိရပါတယ်။ဖေဖော်ဝါရီ၁၁ရက် ဆက်သွယ်မေးမြန်းရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မဖြူဖြူသင်းက Myanmar Harp mediaကို အတည်ပြုပြောပါတယ်။


“မြန်မာနိုင်ငံရှေ့နေများအဖွဲ့ကိုဥပဒေအရ အကြံပေးဖို့တောင်းဆိုလိုက်တယ်။အမတို့က ဒါကို စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံတင်မဟုတ်ဘူး။အခုဆိုနိုင်ငံတကာကိုပါအကူအညီတောင်းမယ်ပေါ့။ပြည်တွင်းကတော့ ပြည်တွင်းကရှေ့နေတွေနဲ့သွားလို့ရတယ်။နိုင်ငံတကာကတော့ နိုင်ငံတကာကရှေ့နေတွေနဲ့ချိတ်ဆက်ရမယ်။ဒါကိုရှေ့ကိုဆက်ပြီးသွားဖို့ပဲရှိတယ်။အခုလောလောဆယ် ဥပဒေအကြံတောင်းခံထားတယ်”လို့ဆိုပါတယ်။


နေပြည်တော်တွင် ဖေဖော်ဝါရီ၉ရက်က ကျောင်းသူတစ်ဦးကို ရဲအရာရှိက လက်နက်ဖြင့်ချိန်ရွယ်ပစ်ခတ်ခဲ့မှုကြောင့်ဦးခေါင်းထိမှန်ခဲ့ပါတယ်။


“ကျွန်မတို့သဘောအရဆိုလုပ်နိုင်တာအကုန်လုပ်မယ်။ဘာလို့လဲဆိုတော့ တရားမဝင်အာဏာသိမ်းတယ်။တကယ့်ကိုလူမဆန်တဲ့လုပ်ရပ်တွေ လုပ်ထားတယ်။လမ်းမှာ ပစ်သတ်တာတွေရော။တကယ်ကို ပြည်သူတွေကလက်မခံဘဲအာဏာကိုလက်နက်ကိုင်ချိန်းခြောက်သိမ်းဆည်းသွားတာရောဒါတွေကို ပြည်တွင်း ပြည်ပမှာ တရားစွဲတာတင်မဟုတ်ဘူး။နောက် ဒီလိုမဖြစ်အောင်နည်းလမ်းပေါင်းစုံသုံးပြီးလုပ်ချင်တာ”လို့ မဖြူဖြူသင်းကထပ်မံဆိုပါတယ်။
ဖေဖော်ဝါရီ၁ရက်မှစတင်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှအကြီးအကဲများနှင့်အစိုးရအဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းမှုများလုပ်ခဲ့ကြပါတယ်။

မင်းသီဟန်/Myanmar Harp

Be the first to comment

Leave a Reply

Your email address will not be published.


*