
တရုတ်နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ငါးတစ်ကောင်ဟာ ချက်ပြုတ်ပြီး ပန်းကန်ပြားပေါ်မှာ ပြင်ဆင်ပြီးကာမှ အသက်ဝင်သကဲ့သို့ လှုပ်ရှားမှု ပြခဲ့ပါတယ်။ ၎င်းငါးကိုး ကျောပေါ်မှာ ဓားနဲ့ အမြှောင်းအမြှောင်း လှီးထားတာမို့ သေဆုံးပြီးသားလို့ ယူစလို့ ရပေမယ့် သူ့ ပါးစပ်ထဲကို အရက်လောင်းထည့်လိုက်တဲ့ အခါမှာတော့ ငါးပါးစပ်ဟာ သက်ရှိငါးတစ်ကောင် ပုံစံမျိုး ပွင့်ပြီး လောင်းထည့်လိုက်တဲ့ အရက်ကို အငမ်းမရ သောက်တဲ့ ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။
အဆိုပါ စားသောက်ဆိုင်ဟာ ငါးဟင်းလျှာများကို ပါးစပ်မှ အရက်များ လောင်းထည့်ပြီးမှ ဘေးမှာ ဟင်းသီးဟင်းရွက်နဲ့ အလှဆင်ပြီး ဧည့်သည်များကို ပြင်ဆင် ကျွေးမွေးလေ့ ရှိပါတယ်။ အဆိုပါ ငါးကို ရိုက်ကူးထားတဲ့ ဗွီဒီဖိုင်ဟာလည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ငါးဟာ အမှန်တကယ် အသက်ပြန်ဝင်လားသလား-ဆိုတာကို အမြင်ကွဲပြားမှုတွေ ရှိနေခဲ့ပါတယ်။
တစ်ယောက်တော့ စားသောက်ဆိုင်ဟာ Yin Yang ငါးအရှင်တစ်ကောင်ကို အသုံးပြုထားပြီး ဓားနဲ့ လှီးထားတဲ့ အစင်ကြောင်းတွေကို အဲဒီငါးပေါ်မှာ ဖုံးအုပ်ကာ လှည့်စားခဲ့တာ-လို့ ဝေဖန်ခဲ့ပါတယ်။
ဒီအတိုင်းသာ အမှန်ဆိုရင် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများနဲ့ ထိပ်တိုက် တွေ့နိုင်ပါတယ်။ ကမ္ဘာပေါ်မှာအဲဒီလို တိရစ္ဆာန်တွေကို ဗန်းပြပြီး အထူးတဆန်း လုပ်သူတွေကိုလည်း ပြင်းထန်သော အရေးယူမှုတွေ ရှိခဲ့ပါတယ်။
Leave a Reply