Meeting လုပ်နေရင်းကနေဝန်းထမ်းအားလုံးသေမတက်လန့်သွားရတဲ့အဖြစ် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်းက Bank တစ်မှာဖြစ်ပွားခဲ့တဲ့ထိပ်လန့်စရာဖြစ်ရပ်တစ်ခုလို့ဆိုရမှာပါပဲ။ မနက်ပိုင်းအစည်းဝေးကျင်းပနေကြတဲ့ ဘဏ်ဝန်ထမ်းတွေဟာ Supervisor ကြီးနဲ့မတ်တပ်Meeting လုပ်နေရင်းကနေ ခေါင်မိုးပေါ်က စပါးအုံမြွေကြီးက ရုတ်တရက်ကြီးကိုပြုတ်ကျလာပါတော့တယ်။

မထင်မှတ်ထားပဲ Meeting ကြီးလုပ်ရင်းကနေ မြွေကိုတွေ့တော့ ဝရုန်းသုန်းကားထွက်ပြေးရတာပါပဲ။ ဘယ်လိုတောင်ခေါင်းမိုးပေါ်ကနေပြုတ်ကျလာတာလဲမသိပါဘူး။ ထွက်ပြေးကြပြီးနောက်ပိုင်းမှာ ဝန်ထမ်းတွေက ရဲကိုဖုန်းဆက်ခေါ်ခဲ့ပြီး မကြာခင်ရဲစခန်းကရောက်လာပြီး အခန်းထဲမှာလှည့်ပတ်နေတဲ့မြွေကြီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ခပ်တည်တည်ခပ်ငြိမ်ငြိမ် Meeting ကြီးကနေ ဘယ်လိုတွေတောင် ဝရုန်းသုန်းကားနဲ့ဂယက်ထသွားသလဲဆိုတာတော့ အောက်က ဖော်ပြထားတဲ့ Videoလေးမှာမြင်တွေ့ရမှာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*