
တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ တွင် အာဏာသိမ်းယူလိုက်ပြီး၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအားဖွဲ့စည်းခဲ့သည်။ ယင်းနောက် ပြည်နယ်အလိုက် စီမံအုပ်ချုပ်ရေးကောင်စီများအားဖွဲ့စည်းရာ- ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌအဖြစ် Pu Terence San Mawi Nikhuai (ပူတဲရန့်စန်မွှေးနီခွဲ)အား ခန့်အပ်ကြောင်း ကြေငြာခဲ့သည်။
Pu San Mawi Nikhkuai သည် ဖေဖော်ဝါရီလ ၃ ရက်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ရပြီး၊ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်တွင် ဟားခါးမြို့၌ နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားသည်ဟု သိရသည်။ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌအဖြစ် (၈) ရက်တာမျှသာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပြီး၊ လွန်ခဲ့သော နှစ်ရက်က နေပြည်တော်တွင် အစည်းအဝေးသွားရောက် တက်ရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၅) နှစ် ရှိပြီဟု သိရသည်။
Pu San Mawi Nikhuai ၏ အဖိုးသည် ချင်းလူမျိုးများထဲမှ ဗြိတိသျှစစ်တပ်တွင် ပထမဆုံး ဗိုလ်မှူးအဆင့်ရရှိနိုင်ခဲ့သော Major Kap Cong ဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာ- ချင်းလူမျိုးများထဲမှ ပထမဆုံးဆရာဝန်ဘွဲ့ရ Dr. Ni Khuai ဖြစ်ကာ၊ မိခင်ဖြစ်သူမှာ- ဗြိတိန်နိုင်ငံသူ ဖြစ်သည်။
Pu San Mawi သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Lumte ရွာမှ ဖြစ်ပြီး၊NLD အစိုးရခေတ်တွင် ချင်းပြည်နယ် တရားလွှတ်တော်ချုပ် တရားသူကြီး အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
Credit- Chin World
Leave a Reply