မည်သည့် စည်းကမ်းကိုမှမလိုက်နာခဲ့တဲ့ဆိုင်ကယ်သမားကိုဖမ်းရမဲ့အစား မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့ ယာဉ်ထိန်းရဲ(ရုပ်သံ)

မကြာသေးခင်ကမှ ထိုင်းနိုင်ငံယာဉ်ထိန်းရဲတစ်ဦးဟာ အရှိန်မြန်စွာမောင်းနှင်ခဲ့သည့်အပြင် ဆိုင်ကယ်လိုင်စင်ပြားပါ မပါရှိတဲ့ဆိုင်ကယ်ရဲ့ယာဉ်မောင်းကို ဖမ်းရမဲ့အစား မွေးနေ့ Surprise လုပ်ပေးခဲ့လို့ အဆိုပါ video ဟာ social media အသုံးပြုသူတွေအကြား အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

Kanokpan Putthapong အမည်ရှိတဲ့ ယာဉ်ထိန်းရဲဟာ တာဝန်ကျနေတုန်း သတ်မှတ်ထားတဲ့ အမြန်နှုန်းထက်ပိုပြီးမောင်းနှင်ခဲ့တဲ့ အဆိုပါဆိုင်ကယ်သမားဟာ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့အပြင် လိုင်စင်ကပ်ပြားပါ မတပ်ထားခဲ့တဲ့အတွက် အဆိုပါယာဉ်မောင်းကို လိုက်ဖမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

သို့သော်လည်း ဆိုင်ကယ်သမားဟာ မမျှော်လင့်ပဲ ငိုကြွေးနေခဲ့တာကြောင့် ယာဉ်ထိန်းရဲက အဖြစ်အပျက်အလုံးစုံကို မေးမြန်းခဲ့ပါတော့တယ် ။ ထိုအချိန်မှာမှ ဆယ်ကျော်သက်အရွယ် ဆိုင်ကယ်သမားမှာ အစ်ကိုဖြစ်သူရဲ့တိုက်ခန်းကနေ စိတ်ဆိုးဒေါသထွက်ပြီး ထွက်လာခဲ့ကြောင်းနှင့် ဘာလို့လည်းဆိုတော့ ယနေ့မှာသူ့ရဲ့မွေးနေ့ဖြစ်ပေမဲ့လည်း မိသားစုဝင်တစ်ယောက်ကမှ သူ့ကိုဂရုမစိုက်ခဲ့၍ စိတ်ဆိုးဒေါသထွက်ကာ ယခုကဲ့သို့ပြုမှုခဲ့မိတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ကောင်လေးစိတ်သောကရောက်နေတာကိုမြင်တော့ Mr. Putthapong ဟာ ကောင်လေးကိုခဏထိုင်ပြီးစိတ်ဖြေလျော့ပြီးမှ အိမ်သို့ပြန်ဖို့ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ရဲအရာရှိဟာ အနီးနားက စတိုးဆိုင်သို့သွားပြီး ကောင်လေးအတွင်မွေးနေ့ကိတ်လေး နှင့် ဖယောင်းတိုင်လေးတွေဝယ်ပြီး မွေးနေ့ကိတ်လေးစီစဉ်ပေးခဲ့ပါတယ် ။ မွေးနေ့ကိတ်လေးမြင်တော့ ကောင်လေးဟာ ရင်ထဲမှာနွေးတွေးမှုတွေခံစားသွားခဲ့ရပြီးနောက် နောက်တစ်ကြိမ်ပြန်ငိုခဲ့ပါတော့တယ် ။ ရဲအရာရှိက သူရဲ့ Facebook စာမျက်နှာပေါ်မှာ ” Happy Birthday ပါ ညီလေး ၊ ဒီနှစ်တော့ မင်းကို ယာဉ်ထိန်းရဲက မွေးနေ့ကိတ်ဝယ်ပေးခဲ့တယ် ” ဆိုပြီး ရေးသားကာ မူရင်းဓာတ်ပုံနှင့်အတူ ဝေမျှခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ အဆိုပါ post ဟာ ဖယ်ရှားခံခဲ့ရပေမဲ့လည်း ပြည်သူတွေကတော့ စိတ်စေတနာရှိလွန်းလှတဲ့ ရဲအရာရှိကို မျိုးစုံဆုတောင်းမေတ္တာပို့ပေးခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*