လွိုင်ကော်မှာ ဆန္ဒထုတ်ဖော်သည့် ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံများအား စုဖွဲ့ခန့်အပ်ထားသူများဖြစ်ဟု တပ်မတော်ထုတ်ပြန်

လွိုင်ကော်မြို့မှာ ဆန္ဒထုတ်ဖော်နေသည့် ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သန္ဓေရဲတပ်ဖွဲ့ဝင်များမဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းအတွက် ဒေသခံများအား စုဖွဲ့ခန့်အပ်ထားသူများသာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၀ရက်နေ့ နံနက်ပိုင်းအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒေသခံပြည်သူများနဲ့အတူ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းများထွက်ပေါ်လာခဲ့သည့်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

#MyanmaPlatform #Domestic

Be the first to comment

Leave a Reply

Your email address will not be published.


*