
အမျိုးသား ၆ ဦးဟာ ကွန်တိန်နာကြီး တစ်ခုအတွင်း အိပ်ပျော်နေရင်း အသက်ရှုကျပ်ကာ သေဆုံးခဲ့တယ်လို့ နိုဝင်ဘာလ ၂၉ ရက် က ရဲတပ်ဖွဲ့ က ပြောကြားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသား ၆ ဦးသေဆုံးသွားတဲ့ နေရာက နယူးဒေလီ တပ်ပိုင်နယ်မြေ မှာ ဖြစ်ပြီး ၎င်းတို့ဟာ မင်္ဂလာဆောင်ပွဲ ကျင်းပရန် အစားအသောက်ပြင်ဆင်ဖို့ လာရောက်ကြသူတွေလို့လည်း သိရပါတယ်။
“သေဆုံးသူ အမျိုးသားတွေက စားသောက်ပွဲအတွက် လုပ်ကိုင်နေသူတွေဖြစ်ပြီး ကျောက်မီးသွေး မီးဖို တစ်ခုရှိတဲ့ ကွန်တိန်နာကြီးထဲမှာ အိပ်ပျော်နေကြတာပါ တနင်္လာနေ့ (နိုဝင်ဘာလ ၂၇ ရက်) ညက အလုပ်တွေပြီးလို့ အလုပ်သမားတွေက ကွန်တိန်နာထဲမှာ မီးဖိုဆောင်သုံးပစ္စည်းတွေထားတဲ့ ကွန်တိန်နာအတွင်းမှာ အိပ်ပျော်နေကြတာပါ” ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိ အရာရှိ တဦးက ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၂၈ရက်နေ့မှာ တော့ ၎င်းတို့ကို ကြီးကြပ်သူက အိပ်ရာသွားနိုးတဲ့ အခါမှာ ဘာတုံပြန်မှု မှ မရတော့ အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ၎င်း ၆ ဦးအား Deen Dayal Upadhyay ဆေးရုံသို့ ချက်ချင်း ရွှေ့ပြောင်းခဲ့သော်လည်း ၄ ဦးမှာ သေဆုံးနေပြီဖြစ်ကြောင်း၊ ကျန် ၂ ဦးမှာလည်း သတိမေ့လျက်ရှိကာ နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သေဆုံးသွားသူများမှာ ဥတာပရာဒတ်ရှ်ပြည်နယ် Gorakhpur ခရိုင်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
Leave a Reply