ဒစ်လည်နေသော အုပ်ကြီးနှင့် ရပ်ကွက်နေပြည်သူများ

ဒစ်လည်နေသော အုပ်ကြီးနှင့် ရပ်ကွက်နေပြည်သူများ
###################
(အုပ်ကြီးတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်များ)

လမ်းသူလမ်းသားများ >> ပိတ်သင့်နေပီ contact တွေများလာနေပီ ……အုပ်ကြီး >> ဒါဆိုအကုန်ပိတ်လိုက်…..လမ်းသူလမ်းသားများ >> ဟာ အကုန်ပိတ်လိုက်ရင် လမ်းထဲက လူတွေက ဘယ်လိုလုပ်ရမလဲ။  အုပ်ကြီး >> ဒါဆို ကားအဝင်အထွက်တွေ ပိတ်လိုက်……လမ်းသူလမ်းသားများ >> လမ်းထဲက ကားတွေကရော ထွက်မရဘူးလား……အုပ်ကြီး >> အပြင်ကားတွေ အဝင်မခံနဲ့ကွာ လမ်းထဲက ကားတွေက ထွက်ချင်ထွက် ဝင်ချင်ဝင်…….လမ်းသူလမ်းသားများ >> ဒါဆိုလမ်းထဲက ကားက အပြင်ကပြန်လာလို့ ပိုးပါလာရင်ကော

အုပ်ကြီး >> ဒါဆိုလည်း ဘယ်ကားမှ အဝင်အထွက် မလုပ်ကြနဲ့…..လမ်းသူလမ်းသားများ >> ဟင်ဒါဆို.. ကားတွေက ပိုးကူးလို့ ပိတ်တာလား…..အုပ်ကြီး >> ပိုးက လူကိုပဲကူးတာလေကွာ….လမ်းသူလမ်းသားများ >> ဒါဆို လူတွေပဲပိတ်လေ ကားတွေကို မပိတ်နဲ့….အုပ်ကြီး >> အဲ့ဒီတော့ ကားကို မင်းကြီးဒေါ်လင်က မောင်းမှာလား… ရှုတ်တယ်ကွာ… ဘယ်ကောင်မှ အဝင်အထွက် မလုပ်နဲ့…..မ်းသူလမ်းသားများ >> ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူးဆိုတော့ ဈေးထွက်ချင်တာတို့ ကျန်းမာရေးကိစ္စတို့ ရှိရင်ကော

အုပ်ကြီး >> ဈေးဝယ်ရင် တယောက်ပဲထွက်….လမ်းသူလမ်းသားများ >> ဒါဆိုတပတ်စာ ဝယ်စရာများနေရင် အုပ်ကြီးက ဈေးခြင်း ဝိုင်းဆွဲပေးမှာလား
အုပ်ကြီး >> ဒါဆိုနှစ်ယောက်ထွက်…..လမ်းသူလမ်းသားများ >> တစ်အိမ် နှစ်ယောက် ဆိုရင် လမ်းပေါ်မှာ လူတွေ များကုန်မှာပေါ့…….အုပ်ကြီး >> ဟာကွာ ဒါဆို ဘယ်ကောင်မှ မထွက်ကြနဲ့တော့ဟေ့………လမ်းသူလမ်းသားများ >> စားစရာ မရှိတော့ရင် အုပ်ကြီး လာပို့ပေးမှာလား…..အုပ်ကြီး >> ဒါဆိုလည်း မင်းတို့ဘာသာ ဝင်ချင်ဝင် ထွက်ချင်ထွက်ကြတော့ကွာ….လမ်းသူလမ်းသားများ >> ဟာ အကုန်လုံး ပိုးတွေကူးကုန်ရင် အုပ်ကြီး တာဝန်ယူမှာလား

အုပ်ကြီး
.

ZawGyi

###################




အုပ်ကြီး
.

Be the first to comment

Leave a Reply

Your email address will not be published.


*