စွဲမက်ဖွယ် ခန္ဓာကိုယ်နဲ့အတူ ဟင်းချက်ရာမှာလည်း နာမည်ကြီးနေတဲ့ ဆိုင်ပိုင်ရှင်လေး

ရုပ်လှတာ၊ ခန္ဓာကိုယ် ကောက်ကြောင်းလှတာကို လူတိုင်း သဘောကျ နှစ်ခြိုက်ကြပါတယ်။ တစ်ချို့ကတော့ သူတို့တစ်တွေ ရုပ်လှတယ်ဆိုတာကို ကောင်းကောင်းသိကြပြီး၊ ဒီနည်းနဲ့လည်း အောင်မြင်အောင် ပြုမူနိုင်ကြပါတယ်။ အခုလည်း ထိုင်းနိုင်ငံရဲ့ လူငယ်အမျိုးသမီး စွန့်ဦးတီထွင်သူစာရင်းမှာ ရပ်တည်နေတဲ့ အမျိုးသမီးအကြောင်း ဖော်ပြချင်ပါတယ်။

သူမရဲ့ နာမည်ကတော့ Sirin (သို့) Sai (သို့မဟုတ်) Sri Ariyan ဖြစ်ပါတယ်။ အသက်ကတော့ (၂၅)နှစ်သာ ရှိသေးပြီး အသက်အရွယ်နဲ့မလိုက်အောင် စီးပွားရေးမှာ အောင်မြင်နေသူပါ။ သူမဟာ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကြောင့် လူမှုကွန်ယက်ပေါ်မှာလည်း နာမည်ကျော်နေသလို၊ စားသောက်ဆိုင် လုပ်ငန်းမှာလည်းအောင်မြင်နေပါတယ်။

Sirin ဟာ စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်ကာ ကိုယ်တိုင် ချက်ပြုတ်ရောင်းချနေပါတယ်။ သူမဟာ ဘဲသားခေါက်ဆွဲ၊ ငါးခေါက်ဆွဲ၊ တို့ဖူးခေါက်ဆွဲ၊ ဘဲသားထမင်းပေါင်း စတာတွေကို ကိုယ်တိုင်ချက်ပြုတ် ရောင်းချနေပြီး၊ အမျိုးသားဧည့်သည်တွေအတွက်တော့ သူမရဲ့အလှကို မခို့တရို့ခံစားရင်း သူမရဲ့ အရသာရှိတဲ့ ဟင်းလက်ရာတွေကို အားပေးခွင့် ရနေတယ်လို့ ဆိုပါတယ်။

Sirin ဖွင့်လှစ်ထားတဲ့ “Phor Phiang” အမည်ရ စားသောက်ဆိုင်ကတော့ Soi Nong Ket Yai အနီးမှာတည်ရှိပြီး လာရောက်စားသုံးသူတွေနဲ့ အစည်ကားဆုံးစားသောက်ဆိုင်ထဲမှာ ပါဝင်ပါတယ်။ Sirin ဟာ ပြီးခဲ့တဲ့နှစ်ကမှ စားသောက်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် အခု သူမဆိုင်ရဲ့ ရောင်းအားက ဆိုင်ကြီးတွေကို ယှဉ်နိုင်နေပြီလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*