ဒီအထုပ်လေးတွေကိုတွေ့ရင် လွှင့်မပစ်ကြပါနဲ့

Silica Gel Packets ဆိုတာကတော့ ဖိနပ်၊သားရေအိတ်၊တစ်ချို့ အစားအသောက်အထုပ်တွေထဲမှာ တွေ့ရတဲ့ အထုပ် သေးသေးလေးတွေပါ။အစားအသောက်တွေအထုပ်တွေ မှာဆိုရင် အဲ့ဒီအထုပ်ငယ်လေးတွေကို စားမိမှာ စိုးလို့ အန္တရာယ်ရှိကြောင်းပြောတဲ့ အနေနဲ့ Do not Eat ဆိုတဲ့ စာတန်းလေးတွေ ရေးထား ပေးတာ ကို တွေ့ရပါတယ်။ဒီလို မျိုး Product တွေမှာ Silica gel packets လေးတွေ ထည့်ထားရတဲ့ အကြောင်းအရင်းကတော့ အဲ့ဒီ အထုပ် လေး တွေက အစိုဓါတ်ကို စုပ်ယူပေးနိုင်တာကြောင့် မှိုပေါက်ဖွားတာ၊ပျက်စီးတာတွေကို ကာကွယ် ပေးနိုင်ပါတယ်။

လျှပ် စစ် ပစ္စည်းတွေ မှာဆိုရင်တော့ ငွေရည်ဖွဲ့ပြီး ချွေးတွေ ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။လူအများစုကတော့ ကိုယ်ဝယ် လိုက်တဲ့ ပစ္စည်းတွေထဲမှာပါတဲ့ Silica Gel Packet လေးတွေကို တွေ့ရင် လွှင့်ပစ်ကြတာ များပါတယ်။တကယ် တော့ သူတို့ကို အသုံးပြု လို့ရတဲ့ နေရာတွေရှိပါတယ်။ပစ္စည်းဝယ်လို့ အထဲမှာ Silica gel pack ets လေးတွေကို တွေ့ရင် လွှင့်မပစ်ပဲ သိမး်ထားပြီး ဒီနေရာတွေမှာ အသုံးပြုကြည့်ပါ။

(၁)ဖုန်းတွေ ရေကြောင့် ပျက်စီးတာကို ကာကွယ်ရာမှာ သုံးနိုင်

ဖုန်းတွေ များ မတော်တဆ ရေစိုသွားပြီဆိုရင် အဲ့ဒီ အထုပ်လေးတွေက သင့်ဖုန်း မပျက်စီးသွားအောင် လုပ် ပေး နိုင််ပါ တယ်။ရေထဲကို ကျသွားတဲ့ ဖုန်းကို ပုံမှန်လုပ်နေကျအတိုင်း အထဲမှာပါတဲ့ SIM card တွေကို ထုတ်ပါ။ပြီးရင် တော့ Silica Gel Packet အထုပ်လေးတွေ အများကြီးထည့်ထားတဲ့ သေတ္တာငယ်လေး(သို့) ဗူး ငယ်လေးထဲမှာ ဖုန်းကို ထည့်ထား ပေးလိုက်ပါ။ဒါဆိုရင်တော့ ရေစိုနေတဲ့ ဖုန်းမှာရှိနေတဲ့ စိုထိုင်းစတွေ ကို အဲ့ဒီအထုပ်ငယ်လေးတွေက စုပ်ယူ ပေးနိုင်ပါတယ်။

(၂)ဓါတ်ပုံတွေ သိမ်းတဲ့ အခါ မပျက်စီးအောင် ကာကွယ်ပေးနိုင်

ဓါတ်ပုံတွေကို အယ်ဘမ်ထဲမှာ ထည့်သိမ်းရင်း ကြာလာတဲ့ အခါ ဓါတ်ပုံတွေ မှာ ဆေးသားတွေ လွှင့်ပြယ် ပြီး ပုံ တွေ ပျက်စီးသွားတာမျိုး ကြုံဖူးကြမှာပါ။နောက်တစ်ခုက ဓါတ်ပုံတွေ ပေါ်မှာရေနဲ့ တခြားအရည်တစ်ခုခု များ ဖိတ်ကျ သွား တယ်ဆိုရင် အရင်ဆုံးပြောင်အောင်သုတ်လိုက်ပါ။ပြီးရင်တော့ Silica Gel Packet အထုပ်လေးတွေကို အယ်ဘမ် ထဲမှာ အယ်ဘမ်စာရွက် တစ်ခုနဲ့ တစ်ခုကြားညှပ်ထည့်ထားပေးပါ။ဒါဆိုရင် အစိုဓါတ်ကြောင့် ဓါတ်ပုံတွေ ပျက်စီးတာ မျိုး မဖြစ် ရအောင် တစ်ခါတည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

(၃)အိတ်တွေ၊ဖိနပ်တွေ ၊ကင်မရာ၊လက်ဝတ်ရတနာ..သိမ်းတဲ့ အခါမှာလည်း သုံးနိုင်

ဖိနပ်တွေ၊အိတ်တွေဝယ်တဲ့ အခါ ပါလာတဲ့ Silica Gel Packet တွေကို လွှင့်မပစ်သင့်ပါဘူး။ ကိုယ်က မသုံးဖြစ်တဲ့ အခါမျိုးတွေမှာ အဲ့ဒီအိတ်တွေ၊ ဖိနပ်တွေကို သိမ်းမယ်ဆိုရင် Silica Gel Packet တွေကို ပြန်သုံးရမှာပါ။ တစ်ခါတလေမှာ အိတ်တွေ ၊ ဖိနပ်တွေကို ဘူးထဲ ထည့်သိမ်းပေမယ့် အိတ်(သို့) ဖိနပ်အပေါ်မှာ မှိုလေးတွေ တက်နေတာမျိုးကို ကြုံ ဖူးကြမှာပါ။ ဒါဟာ Silica Gel Packet လေးတွေကို ထည့်ပြီး မသိမ်းလို့ ဖြစ်ရတာပါ။ လေထုရဲ့ အစိုဓါတ်တွေက မှိုတွေ စွဲစေတာပါ။ ဒါကြောင့် အိတ်တွေ၊ ဖိနပ်တွေ သိမ်းရင် ဘူးထဲမှာ Silica Gel Packet လေးတွေကိုပါ ထည့်သိမ်းပေးပါ။ ကင်မရာပစ္စည်းတွေ သိမ်းတဲ့ အခါမှာလဲ သုံးနိုင်ပါတယ်။ လက်ဝတ်ရတနာ ဗူးလေးတွေထဲမှာ Silica Gel Packet ထုပ်လေးတွေကို ထည့်ပြီး ရတနာပစ္စည်းတွေနဲ့ အတူသိမ်းပေးရင် သင့်ရဲ့ ရတနာပစ္စည်းတွေကို စိုထိုင်းမှုတွေ ကနေ ကင်းဝေးစေပြီး တောက်ပလှပနေစေမှာပါ။

(၄)အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သိမ်းရင်လည်း အသုံးဝင်

အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ..ဥပမာ-အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ ဘွဲ့လက်မှတ် ..အစရှိတာတွေကို သိမ်း မယ် ဆိုရင်လဲ ဒီအထုပ်လေးတွေကို သုံးလိုု့ရပါတယ်။ ကိုယ်က စာရွက်စာတမ်းတွေကို စာအိတ်ထဲမှာပဲ ထည့်သိမ်းမလား ၊ အံဆွဲ၊ သေတ္တာငယ်၊ ဘူးငယ်လေးတွေထဲမှာပဲ ထည့်သိမ်းမလား..Silica Gel Packet လေးတွေကို ထည့်သိမး်ရင် ခြောက်သွေ့နေမှာဖြစ်ပြီး ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၅)Gym သွားတဲ့ အိတ်ထဲမှာထည့်ထားနိုင်

Gym သွားတဲ့ အခါမှာ ဖိနပ်၊ Gym ဆော့တဲ့ အဝတ်အစားတွေကို သယ်တဲ့ အိတ်လေးထဲမှာ Silica Gel Packet အထုပ် လေးတွေကို ထည့်သယ်ပေးပါ။ Gym အိတ်ထဲမှာက ဖိနပ်၊ ခြေအိတ်၊ ချွေးစိုနေတဲ့ အဝတ်အစားတွေကို ထည့် ထားရတာဆိုတော့ အနံ့အသက်တွေ မကောင်းပဲ ဗက်တီးရီးယားတွေ ပေါက်ဖွားနေတတ်ပါတယ်။ တကယ်လို့များ Silica Gel Packet အထုပ်လေးတွေကို ထည့်ပေးမယ်ဆိုရင်တော့ အိတ်ရဲ့ အနံ့အသက်ကိုလဲ သက်သာစေသလို ဗက်တီးရီးယား ပေါက်ဖွားမှုတွေကိုလည်း လျော့ပါး သက်သာစေမှာပါ။ Locker ထဲမှာ ကိုယ့်ပစ္စည်းတွေ ထည့်ထားတတ် ဆိိုရင်လဲ Locker ထဲမှာ Silica Gel Packet လေးတွေကို ထည့်ထားပေးပါ။

(၆)အစားအသောက်တွေ တာရှည်ခံအောင်သုံးနိုင်

Silica gel အထုပ်လေးတွေကိုတော့ စားစရာတွေ တာရှည်ခံချင်ရင်လဲ သုံးလို့ ရပါတယ်။ ဖောက်ထားတဲ့ စားစရာတွေ ဥပမာ- အာလူးကြော်ဗူးတွေ၊ crackers တွေကို အထုပ်ဖောက်ပြီး မကုန်သေးတဲ့ အခါမျိုးမှာ ပျော့ပြီး၊ စားလို့ မကောင်း တာမျိုး မဖြစ်ရအောင် ဗူးရဲ့ အဖုံးပေါ်မှာ ပုံမှာ ပြထားတဲ့ အတိုင်း Silica Gel Packet ကို တိပ်လေးနဲ့ ကပ်ပြီး သိမး် လို့ရပါတယ်။ သတိပြုရမှာက စားစရာကို သိမ်းတာဖြစ်တာကြောင့် Silica Gel Packet အထဲက အရာတွေ စားစရာထဲ ကျမသွားအောင် Silica ထုပ်လေးတွေက ပေါက်ပြဲနေတာမျိုး မဖြစ်အောင် သေချာ စစ်ဆေးပေးဖို့ လိုပါတယ်။

(၇)တိရစ္ဆာန် အစားအစာတွေကို သိမ်းရာမှာလဲ သုံးနိုင်

တိရစ္ဆာန် အစားအစာတွေကို ဗူးထဲထည့်ပြီးဗူးရဲ့ အတွင်းဘက် ဘေးနားလေးမှာ Silica ထုပ်လေးတွေကို ပုံထဲက အတိုင်း တိပ်လေးနဲ့ ကပ်ပြီး သိမ်းထားပေးပါ။ အဲ့ဒါဆိုရင်တော့ တိရစ္ဆာန်လေးတွေရဲ့ အစားအစာတွေကိုလဲ ပျော့ကုန်တာ၊ မကောင်းတော့တာမျိုး မဖြစ်အောင် ကာကွယ်ပြီးသားပါ။ သတိပြုရမှာက စားစရာကို သိမ်းတာဖြစ်တာကြောင့် Silica Gel Packet အထဲက အရာတွေ စားစရာ ထဲ ကျမသွားအောင် Silica ထုပ်လေးတွေက ပေါက်ပြဲနေတာမျိုး မဖြစ်အောင် သေချာ စစ်ဆေးပေးဖို့ လိုပါတယ်။

(၈)အိမ်ကို သန့်စင်ပေးရာမှာ သုံးနိုင်

ဒီတစ်ခါကတော့ Silica Gel Packet အထုပ်လေးတွေကို ဖောက်ဖို့ လိုပါတယ်။ အထုပ်လေးတွေကို ဖောက်ပြီး ခွက် သေးသေးလေးထဲမှာ ထည့်ပါ။ ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ရနံ့အဆီ ကို တစ်စက်နှစ်စက် လောက် ချပေး ပါ။ဒါဆိုရင် တော့ သင့်ရဲ့ နေအိမ်ကို အနံ့အသက်ကောင်းပြီး သန့်စင်သွားစေမှာပါ။ သတိပြုရမှာက Silica gel အစေ့လေးေ တွက အသားအရေနဲ့ ဓါတ်မတည့်တာ၊ ထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အထုပ်ထဲက အရာလေးတွေကို လက်နဲ့ မထိတာ အကောင်းဆုံးပါ။ ခွက်လေးထဲမှာ ထည့်ထားရင် အဲ့ဒီခွက်ကို ကလေး၊တိရစ္ဆာန်လေးတွေ နဲ့ ဝေးဝေး မှာ ထားပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*