သမီးလေးကိုကိုယ်နဲ့မကွာအမြဲ ပွေ့ချီထားသည့်အပြင် အလုပ်တွေကိုပါအဆက်မပျက်လုပ်ကိုင်နေရတဲ့ Single အဖေရဲ့ဘဝ

တစ်ချို့သောသူတွေကတော့ Single အဖေတစ်ယောက်ရဲ့ဘဝဟာ single အမေရဲ့ဘဝထက်တော့ပိုပြီးတော့ကောင်းတယ်လို့ တွေးထင်မိတတ်ကြပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ်ကလေးငယ်ကိုလည်း ထိန်းရမယ် တစ်ချိန်ထဲမှာပဲ ဝမ်းရေးအတွက်ပိုက်ဆံလည်းရှာရမယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး ။

ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ပြီးခဲ့တဲ့လအနည်းငယ်ကမှ သူ၏ဇနီးသည်ကို ဆုံးရှုံးခဲ့လိုက်ရတဲ့အတွက် ကျန်ရှိနေတဲ့သမီးငယ်လေးအတွက် အဖေနေရာ ၊ အမေနေရာ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အစားထိုးပြောင်းလဲခဲ့ရပါတယ် ။

အဆိုပါအမျိုးသားရဲ့အလုပ်လုပ်ကိုင်နေပုံ video လေးကို Visit Cianjur အမည်ရှိတဲ့ Instragram account တစ်ခုက ဝေမျှပေးသွားခဲ့တဲ့အတွက် အတော်လေးကို နာမည်ကြီးနေလျက်ရှိပါတယ် ။ ထို့အပြင်အဆိုပါအမျိုးသားဟာ ကလေးကိုပွေ့ချီပြီးထိန်းရင် အလုပ်ကိုလည်း ကြိုးကြိုးစားစားလုပ်နေခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် ၎င်းအမျိုးသားရဲ့အလုပ်ဟာအတော်လေးကိုရှုပ်ပြီး မရပ်မနားလုပ်ကိုင်နေရပေမဲ့လည်း သမီးငယ်လေးကိုလုံးဝအောက်မချပဲ ကျောပိုးထားပြီး တစ်ခါတစ်လေ ပွေ့ချီထားပါတယ် ။ သမီးငယ်လေးကို သူနဲ့ခဏလေးမျှတောင် ခွဲမနေခိုင်းခဲ့ပါဘူး ။

အဆိုပါ video ကိုကြည့်ရှုခဲ့ကြပြီးနောက် ၎င်းအမျိုးသားရဲ့ဖခင်မေတ္တာဟာ လူအများရဲ့ရင်ထဲကို အတော်လေးထိသွားစေခဲ့ပါတော့တယ် ။ ဒီလိုမျိုး မစုံမလင်ဖြစ်ခဲ့ပြီး ကွဲကွာသွားခဲ့ရတဲ့မိသားစုလေးအတွက် အတော်လေးကို သနားဂရုဏာတက်စေခဲ့ပြီး ၎င်းအမျိုးသား၏ဖခင်မေတ္တာကို အတော်လေးချီးကျူ းမိခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*