GenerationZ ဆိုတာ ဘာလဲ ၊ ဘယ်လို လူတွေလဲ ?

2000 ခုနှစ်ဝန်းကျင်မွေးတဲ့ကောင်တွေ… အခု နှစ်ဆယ်ပတ်လည်ပေါ့…ဂိမ်းဆော့မယ်….Troll မယ်…အကုန်ဟာသလုပ်ပစ်မယ်…ဘဝမှာ လေးနက်စရာဘာမှမရှိတဲ့ပုံစံတွေ…ဒီကောင်တွေ ဘာတွေရခဲ့လဲ…


နည်းပညာပေါက်ကွဲတဲ့ခေတ်ကြီးနဲ့အတူမွေးလာတော့ အရင်ခေတ်အကြောင်း နားမလည်ဘူး..နိုင်တီးဘွန်းတွေလို အတိတ်ကိုလွမ်းတာတွေ ဘာတွေမရှိဘူး..လူကြီးတွေက ဘာမှအသုံးမကျတဲ့မျိုးဆက်လို့ တောက်လျှောက်သမုတ်ခဲ့ကြတယ်…ဒီကောင်တွေဘာတွေလုပ်နိုင်လဲ…


အရင်ခေတ်ကလို တုံးဆိုတိုက် ကျားဆိုကိုက် ဆိုလားမေးရင်မဟုတ်ဘူး…တုံးဆိုကျော်သွားမယ်… သာသာယာယာဘဲ့…ကျားဆိုရှောင်သွားမယ်… အေးဆေးသားရီး…ဒီကောင်တွေက အေးဆေးဘဲ့…စည်းတွေတားလေ… ပထမ ဒုတိယ တတိယမကလို့ စည်းတစ်ရာလောက်တားဦး…ရတယ်… ထိုင်နေမယ်… ဘေးကပတ်သွားမယ်…အတင်းကျော်ရအောင် စောက်ရူးလားလို့ ပြန်ပြောမယ့်ကောင်တွေ…
ဒီကောင်တွေက အေးဆေး…ဂိမ်းတောက်လျှောက်ဆော့လာတော့ ဆုတ်ချိန်တက်ချိန် တိုင်မင်ကို စိတ်ထဲကအလိုလိုသိနေတဲ့ကောင်တွေ…


ရဲရဲတောက်မိန့်ခွန်းတွေ မပြောဘူး… စိတ်မဝင်စားဘူး…ကိုင်ထားတဲ့စာတန်းတွေက ကြည့်မိဖတ်မိရင် ပြုံးသွားစေရမယ်… ဟိုလူပါမှ ဒီလူပါမှတွေ စိတ်မဝင်စားဘူး…သပိတ်မှောက်တာကို အရင်လို တွန်းထိုးဝုန်းဒိုင်းနေဖို့လဲ စိတ်မဝင်စားဘူး…နိစ္စဓူဝ လုပ်စရာရှိလို့ပုံမှန်လုပ်နေသလို သဘောထားတဲ့ကောင်တွေ…
သွားလို့ရရင်သွားမယ်…


မရဘူးဆို ထိုင်နေမယ်…ရှောင်စရာလမ်းရှိရင် ပတ်ပြီးကျော်သွားမယ်…ဖမ်းရင်ပြေးမယ်…အဖမ်းခံရအောင် စောက်ရူးလားလို့ ပြန်ပြောမယ့်ကောင်တွေ…ဘာလာလာ အေးဆေးဖြစ်နေတဲ့ကောင်တွေ…

အဲ့ဒါ GenerationZ ပဲ…။

#crd

 

Be the first to comment

Leave a Reply

Your email address will not be published.


*