ခေတ်အဆက်ဆက်ကတိုင်းရေးပြည်ရေးကိစ္စတွေမှာ မုချမှန်ကန်ခဲ့တဲ့ အတိတ်နိမိတ်တဘောင်

ခေတ်အဆက်ဆက်ကတိုင်းရေးပြည်ရေးကိစ္စတွေမှာ မုချမှန်ကန်ခဲ့တဲ့ အတိတ်နိမိတ်တဘောင်

ခေတ်အဆက်ဆက်ကတိုင်းရေးပြည်ရေးကိစ္စတွေမှာ မုချမှန်ကန်ခဲ့တဲ့ အတိတ်နိမိတ်တဘောင်က အခုတစ်ခေါက်ရော ဘယ်လိုလာမလဲ

(၁)ဟင်္သာမင်း အင်းကိုဆင်းမည်။ (၂)ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ (၃)မုဆိုးကို ထီးရိုးရို.က်လိမ့်မည်။ (၄)ထီးရိုးကို မိုးကြိုးပ.စ်လိမ့်မည်။ (၅)သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။

(၆)ဧရာဝတီ ခန်းလိမ့်မည်။ (၇)လက်ပံလည်း ရှားလိမ့်မည်။ (၈)ကြက်မ တွန်လို့ မိုးလင်းမည်။ (၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်။ (၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။

၁။ ဟင်္သာမင်း အင်းကိုဆင်းမည်။ဟံသာဝတီမွန်တို့ အင်းဝကို သိမ်းပိုက်လိမ့်မည်။ ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကိုဆိုလိုသည်။ အင်းတို့၏အဝမှာရှိလို့ အင်းဝ(In Wa)၊ မြစ်တို့အင်းတို့၏ဆုံရာအဝမှာရှိလို့ အဝ(AVA)၊ အင်းကိုးအင်း အလယ်မှာရှိလို့ အင်းနဝ(Innwa)စသဖြင့် ခေါ်ဆိုခဲ့ကြပါသည်။

၂။ ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ ထိုဟံသာဝတီအင်အားစုကို မုဆိုးဘို (ရွှေဘို)အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်းဆက်ကို အချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ကြသည်။

၃။ မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ ထိုကုန်းဘောင်မင်းဆက်ခေါ် မုဆိုးမင်းဆက်ကို စနေနံတိုင်းတပါးမင်းက အနိုင်ယူ ဖြုတ်ချလိမ့်မည်။

၅။ သံခမောက်ဆောင်း လေးယောက်ပေါ်လိမ့်မည်။ တပ်မတော်မှာ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သူများထဲမှ လေးယောက်မှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်မည်။ ဗိုလ်ချုပ်အောင်ဆန်း၊ဗိုလ်ချုပ်ကြီးနေဝင်း၊ဗိုလ်ချုပ်မှူးကြီးစောမောင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။

၆။ ဧရာဝတီ ခန်းလိမ့်မည်။ ယခုပင် နွေရာသီဆို ဧရာဝတီမှာ မော်တော်၊ သင်္ဘောတွေ ဝါးလုံးထောက် စမ်းပြီးသွားနေရပြီ။ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်လို့ကတော့ သွားပြီ။

၇။ လက်ပံလည်း ရှားလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအတောအတွင်း တရုတ်နဲ့ ကမ္ဘာ့ဈေးကွက်က ကျွန်းသစ်ထက်တောင်ကြိုက်လို့ အများဆုံးခိုးထုတ်ခံနေရသော တမလန်းသစ်မှာ လက်ပံမျိုးနွယ်ဟု သိရသည်။

၈။ ကြက်မ တွန်လို့ မိုးလင်းမည်။အမျိုးသမီးခေါင်းဆောင်တစ်ယောက်က မြန်မာပြည်ကို ပြည်သူ့အာဏာပိုင်စိုးသော ဒီမိုကရေစီအလင်းခေတ်သို့ ရောက်စေလိမ့်မည်။

၉။ ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည်။သို့သော် ထိုအမျိုးသမီးခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာကို စောင့်ရှောက်အလေးထားသော မင်းအစိုးရ တက်လာပြီး သာသနာတော်ကို ပြန်လည်ထွန်းလင်းစေလိမ့်မည်။ (ဗုဒ္ဓရာဇာ=ဗုဒ္ဓသာသနာပြုမင်း)

၁၀။ ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*