အိမ်ဝယ်နိုင်ဖို့အလုပ်ကြမ်းလုပ်ကာငွေရှာနေတဲ့ အလွန်လှတဲ့မိန်းကလေး

မိန်းကလေးဆိုတဲ့ အမျိုးကတော့ လှတပတနေသူတွေများပါတယ်။ ရုပ်ရည်ချောပါက အခွင့်ရေးကောင်းရနိုင်မည် နေရာတွေမှာ ၀င်ရောက်လုပ်ကိုင်ကြသူတွေပါ။ မိန်းကလေးတွေက အမြဲလိုလို အလှပြင်နေကြသူတွေများပါတယ်။ မိမိတို့၏အလှတရားပျက်မှာကိုလည်း စိုးရိမ်သူတွေပါ။

အချို့မိန်းကလေးတွေဆိုလျှင် အလုပ်ကြမ်းပင်မလုပ်ကြပါ။ ယခုမိန်းကလေးကတော့ ထူးဆန်းပါတယ်။ သူက ရုပ်ရည်အလွန်ချောမောသူပါ။ သို့သော်သူက အလုပ်ကြမ်းတွေလုပ်ကာ ၀င်ငွေရှာပါတယ်။ သူမအနေဖြင့် ထိုကဲ့သို့ အလုပ်ကြမ်းလုပ်တာက အိမ်ဝယ်နိုင်ဖို့ပဲဖြစ်ပါတယ်။

သူမကတော့ တရုတ်နိုင်ငံကဖြစ်ပါတယ်။ သူမ၏နာမည်က ရှောင်မိုင်ဖြစ်ပါတယ်။ သူမက ယောကျာ်းသားတွေတန်းတူ အုတ်သယ် ဘာညာစတဲ့အလုပ်ကြမ်းတွေလုပ်ပါတယ်။ သူမ၏အိပ်မက်ကတောါ ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ဖို့ပါ။ သူမအနေဖြင့် အလုပ်ကြမ်းလုပ်နေရသော်လည်း ပျော်နေတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*