ခွင့်ရက်လိုချင်လား ဆေးလိပ်ဖြတ်ပါ

ကျန်းမာခြင်းဟာ လာဘ်ကြီးတပါးဆိုတာ လူတိုင်းသိကြပါတယ်။ စီးပွားရေးလောကမှာလည်း အဲ့စကားက အမှန်ပါပဲ။ ကျန်းမာရေးကောင်းမွန်တဲ့ ဝန်ထမ်း တယောက်ဟာ ကျန်းမာရေးချူတဲ့ လူတယောက်နဲ့ ယှဉ်ရင်တော့ လုပ်ငန်းခွင်အတွက် ရလဒ်ကောင်းတွေ၊ အကြံညဏ်ကောင်းတွေ ပေးစွမ်းနိုင်ပါတယ်။ စိတ်မကောင်းစွာနဲ့ ပြောရမယ်ဆို တချို့သော လူအများစုက ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြု အမူတွေကို မစွန့်လွတ်နိုင်ကြပါဘူး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း အစရှိတဲ့ အပြုအမူတွေကို ပေါ့။ အဲ့ အတွက်ကြောင့် ဂျပန်နိုင်ငံရဲ့ ကုမ္မဏီတခုမှာရှိတဲ့ CEO တယောက်ကတော့ သူဝန်ထမ်းတွေ အဲ့ အကျင့်ဆိုးကို လွန်ဆန်နိုင်အောင် အစီအစဉ်တခု ရေးဆွဲခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ယောက်ကျာ်းသားတွေရှိတဲ့ ကုမ္မဏီတော်တော်များများမှာ ဆေးလိပ်သောက်ဖို့ နားချိန်ခဏပေးတက်ကြပါတယ်။ အဲ့မှာ ပြဿနာ စတက်ကျတော့ တာပဲ ဆေးလိပ်သောက်တဲ့ သူတွေကျ အချိန်ရတယ် ငါ့တို့လို မသောက်တဲ့ ကျတော့ အချိန်မရဘူးဆိုပြီးတော့ Piala Inc ရဲ့ ကုမ္မဏီ အကြံပြုစာရေးတဲ့ နေရာမှာ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ရေးသားထားခဲ့တယ်လို့ ကုမ္မဏီ ရဲ့ တာဝန်ရှိသူတဦး ဖြစ်တဲ့ Hirotaka Matsushima ကပြောကြားခဲ့ပါတယ်။

အဲ့ဒီ့အကြံပြု စာကို Piala Inc ရဲ့စီအီးအို ကလည်းတွေ့သွားပြီး အဲ့ အကြံပြုစာအောက်မှာ ဆေးလိပ်မသောက်တဲ့ သူတွေကိုလည်း နားချိန် အပိုပေးမယ်ဆိုပြီး ဝင်ရောက်ရေးသားခဲ့ပါတယ်။

ဆေးလိပ်မသောက်တဲ့ ဝန်ထမ်းတွေကို သောက်တဲ့လူတွေထက် ခွင့် ၆ရက် ပိုပေးမှာ ဖြစ်ပြီး၊ ဒီ ပေါ်လစီဟာ ဆေးလိပ်သောက်တက်တဲ့ ဝန်ထမ်းတွေကို ဆေးလိပ်မသောက်အောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်ဆိုပြီး Piala Inc စီအီးအို Takao Asuka ကပြောကြားခဲ့ပါတယ်။

အဲ့ပေါ်လစီ ဟာ အောင်မြင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် စတင်ထုတ်ပြန်လိုက်တဲ့ ပထမနေ့မှာပဲ ကုမ္မဏီမှာ ရှိတဲ့ ဝန်ထမ်း အယောက် သုံးဆယ်ကျော်ဟာ ဆေးလိပ်သောက်ဖို့အတွက် နားချိန်ကို မယူတော့ဘူးလို့ ဆိုလာကြပြီး လေးယောက်လောက်က ဆေးလိပ်သောက်ခြင်းကို အပြီးအပိုင်ရပ်နားလိုက်တယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*