ထိုင်းမှာ ဆန္ဒပြသူ‌တွေကို အချင်းချင်း ဘယ်လိုထိန်းလဲ..

ဆန္ဒပြတဲ့ဆီမှာ လူများလာတာနဲ့အမျှ လူမနိုင်တဲ့ ပြသနာနဲ့ တောကြောင်တွေ ပါလာတဲ့ ပြသနာရှိကြတာပုံမှန်ပါပဲ…ဟောင်ကောင်နဲ့ထိုင်းမှာတော့..အဲဒါကိုထိန်းဖို့ရာအတွက် ဘော်လန်ဒီယာလုံခြုံရေးတွေကို အချင်းချင်းဖွဲ့စည်းပြီး သူတို့က အချင်းချင်းလူပြန်ထိန်းပါတယ်…
သူတို့က ဘယ်လိုသိသာသလဲ..

ထောင်နဲ့ချီတဲ့လူအုပ်ဟာ စုရပ်ကနေ သတ်မှတ်ထားတဲ့နေရာကို လမ်းလျှောက်တော့မယ်ဆိုရင် ဉီးထုပ် ဒတောင်ဆစ်ကာ ဒူးကာ မျက်ရည်ယို ဓာတ်ငွေ့ခံနိုင်ရည်ရှိတဲ့ Mask တွေကို တပ်ဆင်ပြီး သူတို့က လက်ချင်းချိတ် အရှေ့ဆုံးက ရာနဲ့ချီပြီးနေရာယူပါတယ်…
ခေါင်းဆောင်ပါရင်လည်း ခေါင်းဆောင်ကို ရဲအလွယ်တကူဝင် ဆွဲလို့မရနိုင်အောင် ဒါမှမဟုတ် ဘေးကနေ လာတိုက်ခိုက်လို့မရအောင် အယောက်နှစ်ဆယ်လောက်က ပိတ်ဆို့ ဝန်းရံထားပါတယ်…

ရဲနဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါ…

သူတို့က ရဲနဲ့ ဆန္ဒပြသူကြားမှာ ကြားနေပြီး ကိုယ်လူ့ကိုယ်ထိန်းပါတယ်….ကိုယ်လူထဲက ရဲမြင်ရင်ဆဲချင်တဲ့လူတွေ ရဲမြင်တာနဲ့ ရှိတာနဲ့ ကောက်ပစ်မယ်ဆိုတဲ့ လူမျိုးတွေကိုလည်း ထိန်းထားတော့ တော်ရုံတန်ရုံ ကိစ္စတွေမှာ… ဆန္ဒပြတဲ့လူနဲ့ ရဲနဲ့ကြား ညှိနိုင်းမှုလုပ်ပြီး ဒီနေရာမှာ ဘယ်အချိန်ထိ ပြမယ် ပြီးရင်ပြန်မယ်ဆိုတာမျိုးနဲ့ ပြီးသွားကြတာများပါတယ်..လိုအပ်လို့ ထပ်တိုက်ရင်ဆိုင်တဲ့အခါမှာလည်း
ဿူတို့မှာ ကာကွယ်ဝတ်စုံအပြည်ပါတာမို့ သူတို့က ဉီးဆောင်ပြီး ရဲတားထားတဲ့ လိုင်းကို ဖောက်ထွက်ပါတယ်….

ဆန္ဒပြပွဲတိုင်းမှာအဲလိုရာနဲ့ချီတဲ့ ဘော်လန်ဒီယာတွေကို အိုင်ဒီကဒ်တွေနဲ့ သေချာစုဖွဲ့ထားတော့.. နောက်ဆုံး ရဲနဲ့ပြသနာတက်ပြီး ချကြရင် ဆန္ဒပြတဲ့ ကျောင်းသူကလေးတွေက ဘေးလွတ်ရာကို ပြေးချိန် ရပြီး သူတို့ပဲ ထိပ်တိုက် ရင်ဆိုင်ကြတာပါ..ဒါပေမယ့် နောက်ပိုင်းမှာတော့ ထိုင်းဆန္ဒပြခေါင်းဆောင်တွေဟာ အဲလိုစေတနာ့ ဝန်ထမ်း လုံခြုံရေးတွေ အစားမှာ ပရော်ဖက်ရှင်နယ် လုံခြုံရေး ကုမ္မဏီဝန်ထမ်းတွေကို ငှားဖို့ စီစဉ်ကြပါတယ်…

ဘာဖြစ်လို့လဲဆိုတော့ ဆန္ဒပြတဲ့လူတွေကို သေသေချာချာ ကာကွယ်နိုင်အောင်လို့ဆိုပါတယ်… သို့ပေမယ့် ကိုဗစ်ဖြစ်သွားပြီး ဆန္ဒပြပွဲတွေ ရပ်တော့ အဲအစီစဉ်ဖြစ်မလာပါဘူးမြန်မာပြည်မှာလည်း အမြဲ လမ်းပေါ်ထွက်ကြမယ်ဆိုရင်တော့… တစ်နေ့မဟုတ် တစ်နေ့မှာတော့ တောကြောင်တွေပါပြီး ဂဂျိုးကကြောင်တွေ ဖြစ်နိုင်တာမို့…ကိုယ့်အချင်းချင်း ပွဲထိန်းနိုင်မဲ့ စေ့တနာ့ဝန်ထမ်း လုံခြုံရေးအဖွဲ့တွေကို အမြန်ဆုံးဖွဲ့စည်းသင့်ပါတယ်…

Be the first to comment

Leave a Reply

Your email address will not be published.


*