တရုတ်ပြည်မှာ ပရိုဂမ်မာ တွေအတွက် လှပဂေးများ ထားပေး

တရုတ်ပြည်က အင်တာနက် ကုမ္ဗဏီတွေမှာ ယဉ်ကျေးမှု အသစ် တစ်ခု စလိုက်ပါပြီ။ ယင်းကတော့ အိုင်တီ ကုမ္ဗဏီတွေမှာ လှပဂေးများ ထားပေးခြင်း ဖြစ်ပါတယ်။ ပေါက်ကရလုပ်ဖို့ မဟုတ်ပါဘူး။ ပရိုဂမ်မာများအတွက် မနက်စာ ဝယ်ပေးခြင်း၊ နေ့လည်စာ အပြင် အခြားသော လိုအပ်သည့် အစားအစာများ ဝယ်ပေးခြင်း အတူ စားသုံးခြင်းတို့ ပြုလုပ်ရပါမယ်။

ဒါ့အပြင် ပရိုဂမ်မာများနဲ့ အတူ ပင်ဘောင် ဘောလုံး ရိုက်ဆော့ခြင်း၊ အခြားသော ကစားနည်းများအား ဆော့ကစားခြင်း တို့ကို ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် သီချင်းဆိုခြင်း၊ နားထောင်ပေးခြင်း၊ စကားပြောပေးခြင်း အပြင် အလုပ်မှာ လိုအပ်ရင် ဝင်ရောက်ကူညီပေး ပါတယ်။ အမျိုးသမီးများဟာ လှပကြပြီး အချို့ဆိုရင် လေယာဉ်မယ်ဟောင်းများ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ လုပ်ငန်းဆောင်ရွက်မှု တိုးတက်စေဖို့ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ပရိုဂမ်မာများဟာ လူမှု ဆက်ဆံရေးမှာ အင်မတန် ငြံ့ ဖျင်းကြပြီး Geek ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေတဲ့အတိုင်းပဲ ထိုင်ရာကနေ မထပဲ လုပ်လေ့လုပ်ထ ရှိသူများ ဖြစ်ပါတယ်။

သူတို့ကို ယခုလို အမျိုးသမီးများ ကူညီထောက်ပံ့မှု ထားပေးလိုက်တဲ့အခါ စိတ်ဓာတ်တတ်ကြွ ပျော်ရွှင်စေပြီး လုပ်ဆောင်ချက်များအား ပိုမို တိုးတက်လာစေကြောင်း ဆိုပါတယ်။ ပေါက်ကရတော့ လုပ်လို့ မရပါဘူး။ ဥပဒေ၊ စည်းမျဉ်းများဖြင့် တားမြစ်ထား ပါတယ်။ ယခုလို အမျိုးသမီး အလှပိုင်ရှင်များ ထားထားတာကြောင့် လုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာပြီး အခြား အိုင်တီ ကုမ္ဗဏီများလည်း အတုယူလာပြီ ဖြစ်ကြောင်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*