ဖြူစင်တဲ့စေတနာကြောင့် တစ်ပြားမှမကုန်တဲ့ မင်္ဂလာပွဲကို ကျင်းပနိုင်ခဲ့တဲ့ အမျိုးသမီး

အမေရိကန် အတ္တလန္တာမြို့က ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ တစ်နှစ်တာအတွင်း အလုပ်ပင်ပန်းခက်ခဲစွာလုပ်ပြီးတဲ့နောက် သူမရဲ့စိတ်ကူးထဲက မင်္ဂလာဆောင်ကိုကျင်းပနိုင်ခဲ့ပါတယ်။ Nikita Horton ဆိုသူ အမျိုးသမီးဟာ ICU လူမှုရေးဝန်ထမ်းတစ်ဦးဖြစ်ကာ နေ့စဉ်ဆိုသလို သေဆုံးသူပေါင်းများစွာကို ကြုံတွေ့နေရတာပါ။ လူနာတွေကိုကြည့်ရင်း သူမကိုယ်တိုင်ကလည်း ကျန်းမာရေးပြဿနာတွေကိုခံစားခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က သူမအတွက် ခက်ခဲတဲ့နှစ်ဖြစ်ခဲ့ပေမယ့်လည်း ၂၀၂၁ခုနှစ်မှာတော့ ပျော်စရာအချိန်နဲ့စတင်ခဲ့ပါတယ်။

Horton ဟာ ဇန်နဝါရီလ ၁၇ရက် ၂၀၂၁ ခုနှစ်မှာ သူမစိတ်ကူးထဲက မင်္ဂလာဆောင်ကို အခမဲ့ကျင်းပနိုင်ခဲ့ပါတယ်။ မင်္ဂလာပွဲမှာတော့ သူမဟာ ရေသူမပုံစံအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သတို့သားဖြစ်သူ Archer ကတော့ အစိမ်းရင့်ရောင်ဝတ်စုံနဲ့ လိုက်ဖက်စွာရှိနေခဲ့တာပါ။ တကယ်ဆိုရင် သူတို့ရဲ့မင်္ဂလာဆောင်ဟာ ဂဏန်းခြောက်လုံးတန်ဖိုးရှိပေမယ့် အခုတော့ တပြားမှမကုန်ဘဲ မင်္ဂလာဆောင်နိုင်ခဲ့တာပါ။


Horton ကတော့ မင်္ဂလာဆောင်ဟာ သူမအတွက် အလုပ်တွေပိပြီး ခက်ခဲပင်ပန်းခဲ့တဲ့နှစ်ပြီးတဲ့နောက် စိတ်အားတက်စရာအဖြစ်ပါလို့ ဆိုပါတယ်။ “လူသေတာကိုတွေ့ရတယ်ဆိုတာ ကျွန်မအတွက် ပုံမှန်ဖြစ်နေခဲ့တာ။ လူနာတွေက ဒီနေ့ရောက်လာပြီး နောက်နေ့ဆို မရှိတော့ဘူး။ လူနာတွေက သူတို့မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရှိဘူး။ ကျွန်မကိုယ်တိုင်ကလည်း ကျန်းမာရေးပြဿနာတွေခံစားခဲ့ရသေးတော့ တော်တော်ကြောက်စရာကောင်းပါတယ်။”
သိရတာက Horton ရဲ့မင်္ဂလာဆောင်ကို Courtney Laramore ဆိုသူ အမျိုးသမီးက အခမဲ့ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ Courtney ရဲ့သားဖြစ်သူအသက်ကို Horton ကကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ Horton တို့ဟာ လက်ထပ်ဖို့ရည်ရွယ်ထားခဲ့တာဖြစ်ပြီး ကြားထဲမှာ ကပ်ရောဂါဖြစ်သွားတဲ့အတွက် လက်ထပ်ဖို့ အစီအစဉ်တွေလည်း ပျက်သွားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိုသိတဲ့ Courtney ကတော့ ကိုဗစ်ကို ရှေ့တန်းကနေရင်ဆိုင်ရင်း အလုပ်ထဲမှာပဲနှစ်မြှုပ်နေရတဲ့ Horton ကို စာနာတဲ့အနေနဲ့ အခုလိုစီစဉ်ခဲ့တာဖြစ်တယ်လို့လည်း people သတင်းအရ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*