သက်ရှိ ဘာဘီအရုပ်မလေး

လူတယောက်နဲ့ တယောက် စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သလို အလှအပနဲ့ ပတ်သက်ပြီး တယောက်နဲ့ တယောက်အမြင်တူညီဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

လူတချို့က အရပ်ရှည်တာကိုကြိုက်တဲ့ပေမဲ့ အချို့ကျတော့လည်း အရပ်ရှည်တာထက် ရုပ်ရည်ချောမောတာကို သဘောကျနေတက်ပြန်ရော။ ဒါပေမဲ့ သေချာတာ တခုကတော့ အလှတရားမှာ အသက်အရွယ် မရှိဘူးဆိုတာပါပဲ။

Anastasiya Knyazeva ဆိုတဲ့ ကလေးမလေးဟာ အသက် ၆နှစ်သာ ရှိသေးပြီး လူမှုကွန်ရက် စာမျက်နှာ တခုဖြစ်တဲ့ အင်စတာဂရမ်မှာ ရရှိထားတဲ့ Follower အရေအတွက် ဟာ တခြားသော နာမည်ကြီး Celebrity တွေထက် များပြားနေပါတယ်။ အန်နာဟာ ရုရှားလူမျိုးတဦးလည်း ဖြစ်ပြီး သူမကို President Kids Management ဆိုတဲ့ အေဂျင်စီက မြေတောင်မြှောက်ပေးပြီးတဲ့ နောက်ပိုင်းမှာ ပိုပြီး နာမည်ကြီးလာတယ်ဆိုလည်း မမှားပါဘူး။

သူမရဲ့ Offical အကောင့်မှာ Follower လေးသိန်းကျော်နေပြီး၊ အကောင့်တခုလုံးက ချစ်ဖို့ကောင်းတဲ့ ကလေးမလေးရဲ့ ဓာတ်ပုံတွေနဲ့ ပြည့်နှက်နေတာလဲ ဖြစ်ပါတယ်။ အဲ့တာကို ကြည့်ခြင်းအားဖြင့် သူမဟာ အသက် ၆နှစ် သာရှိသေးပေမဲ့ အောင်မြင်မှု လမ်းမပေါ် ရောက်ရှိနေပြီလို့ဆိုရမှာ ဖြစ်ပါတယ်။

ပရိတ်သက်ကြီး အနေနဲ့လည်း အန်နာဟာ ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ ရှိတဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးတွေ ထဲမှာ တယောက်အပါ အဝင် ဖြစ်နေရတယ် ဆိုတာ ကို သူမရဲ့ ပုံတွေကို ကြည့်လိုက်တာနဲ့ သိလောက်ပြီထင်ပါတယ်။

သူမရဲ့ နက်ရှိုင်းလွန်းတဲ့ မျက်လုံးပြာလေးတွေ ပထမဦးဆုံး ပရိတ်သက်ကြီး စပြီး သတိထားမိမှာပဲ ဖြစ်ပါတယ်။ အောက်က ကလေးမလေးရဲ့ ချစ်ဖို့ကောင်းတဲ့ တခြားပုံလေးတွေကို စုစည်းပေးထားလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*