ဗြိတိန်၏အိမ်ထောင်ဆက် အများဆုံးအမျိုးသား ကိုးကြိမ်မြောက်အဖြစ် လက်ထပ်တော့မည်

ဗြိတိန်နိုင်ငံတွေမှာ အိမ်ထောင်ဆက်အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ အသက် 68 နှစ်အရွယ် Ron Sheppard အမည်ရတဲ့ အမျိုးသားကြီးဟာ အခုအခါမှာတော့ ကိုးကြိမ်မြောက်အဖြစ် မင်္ဂလာဆောင်တော့မှာလို့ သိရပါတယ်။ Ron ဟာ ၎င်းရဲ့ ကိုးဆက်မြောက် အိမ်ထောင်ဘက်ဖြစ်လာမယ့် Cristel Marquez နဲ့ စက်တင်ဘာလမှာ လက်ထပ်ဖို့ ရည်မှန်ထားပေမယ့် အခြေအနေတစ်ချို့ကြောင့် ကြန့်ကြာနေခဲ့ပါတယ်။

Ron ဟာ Cristle ထက် အသက် 40 ကျော် ပိုကြီးတယ်လို့ သိရပါတယ်။ သူမရဲ့ လက်ရှိအသက်ဟာ 27 နှစ်ဖြစ်ပါတယ်။ Cristle ဟာ ဖိလစ်ပိုင် Call Centre တစ်ခုမှာ အလုပ်လုပ်သူဖြစ်ပြီး၊ အွန်လိုင်းပေါ်မှာ Ron နဲ့ ရင်းနီးကာ နောက်ဆုံး လက်ထပ်ခွင့်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

ကိုးယောက်မြောက် ဇနီဖြစ်လာမယ့် Cristle ဟာ သူရဲ့ နောက်ဆုံးနဲ့ ထာဝရကြင်ဖော်ဖြစ်ကြောင်း Ron က ထုတ်ဖော်ခဲ့ပါတယ်။ Ron နဲ့ Cristle တို့ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် Cristle အသက် 15/16 အရွယ်မှာ စတင်စုံစည်းခဲ့ကြတာ ဖြစ်ပါတယ်။ ထိုစဉ်က Ron ဟာ ထိုင်းနိုင်ငံသူ Wan နဲ့ လက်ထပ်ထားချိန် ဖြစ်ပါတယ်။

နောက် 2004 ခုနှစ်မှာ Wang ဆိုတဲ့ အမျိူးသမီးနဲ့ ရှစ်ကြိမ်မြောက် မင်္ဂလာဆောင်ခဲ့ပြီး အိမ်ထောင်သက်တမ်း 11 နှစ်မှာ ဇနီးဖြစ်တဲ့ Wang က ကွာရှင်းဖို့ စီစဉ်ခဲ့ပါတယ်။ အကြောင်းကတော့ Ron ဟာ သူ့ရဲ့ ခရီးစဉ်တစ်ခုမှာ အခြားသူစိမ်းမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့လို့ ဖြစ်ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ New Year’s Eve မှာ Ron ဟာ Cristle ကို ချစ်ခွင့်တောင်းခံခဲ့ပြီး၊ သူမရဲ့ (၇)နှစ်အရွယ် သားငယ်လေးကိုလည်း တရားဝင် မွေးစားမယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Ron က ” ကျွန်တော့် သူ့ကို လက်ထပ်ခွင့် တောင်းခံတော့ လူတွေက ကျွန်တော့်ကို အတွေ့အကြုံရှိတဲ့ အမျိုးသားကြီးမို့ သတ္တိရှိလိမ့်မယ်လို့ တွေးခဲ့ကြပါတယ် … တကယ်တော့ ကိုယ့်ထက် အသက် 40 လောက် ငယ်တဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့ဆိုတာ …လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး “လို့ ပြောခဲ့ပါတယ်။


ဒါပေမယ့် လက်ရှိအချိန်မှာတော့ တရားဝင်ဇနီးဖြစ်တဲ့ Wang နဲ့ တရားရုံးကိစ္စရပ်တွေ မပြီးပြတ်သေးလို့ ၎င်းတို့ လက်ထပ်ပွဲကို လာမည့်နှစ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ကနဦးက စက်တင်ဘာမှာ မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ Cristle ကလည်း သူမအနေနဲ့ Ron ကို လက်ထပ်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

သူမက ” တိတိကျကျ ပြောရရင် ကျွန်မ Ron ကို လက်ထပ်ချင်ပါတယ် … သူက သိပ်ကို ချစ်တတ်တဲ့သူပါ … ကျွန်မကပဲ သူ့ကို ရေလာမြောင်းပေး လုပ်ခဲ့တာဖြစ်ပါတယ် … သူ့မှာ အိမ်ထောင်ရှစ်ဆက် ရှိခဲ့တယ်ဆိုတာလည်း ကျွန်မ သိပါတယ် … ဒါက ကိစ္စမရှိပါဘူး … သူက သိပ်ကို ရိုးသားပြီး ပြီးခဲ့တာတွေကို အတိတ်မှာ ထားရစ်နိုင်သူပါ “လို့ ပြောခဲ့ပါတယ်။

Ron ၏ အိမ်ထောင်ရေး မှတ်တမ်း

 

ဇနီး(၁) – 1966 ခုနှစ်မှာ Margaret နဲ့ လပ်ထပ်ခဲ့၊ ကလေးသုံးယောက်ရပြီး (၂)နှစ်အကြာမှာ ကွာရှင်းခဲ့။

ဇနီး(၂) – 1973 ခုနှစ်မှာ Jeanette နဲ့ လက်ထပ်ခဲ့။ တစ်နှစ်အကြာမှာ အိမ်ထောင်ရေး ပြိုကွဲ။

ဇနီး(၃) – 1976 ခုနှစ်မှာ Lesly နဲ့ လက်ထပ်ခဲ့။ ကလေးနှစ်ယောက် ရပြီး 1981 ခုနှစ်မှာ Ron က စွန့်ပစ်ခဲ့။

ဇနီး(၄) – 1982 ခုနှစ်မှာ Kathy နဲ့ လက်ထပ်ခဲ့၊ သမီးတစ်ယောက် ရခဲ့။

ဇနီး(၅) – 1986 ခုနှစ်မှာ Sue နဲ့ လက်ထပ်ခဲ့၊ ကလေးနှစ်ယောက်ရ၊ 1977 မှာ ဇနီးက စွန့်ပစ်ထားခဲ့။

ဇနီး(၆) – 1999 ခုနှစ်မှာ Usha နဲ့ လက်ထပ်ခဲ့၊ လေးနှစ်အကြာမှာ ကွာရှင်းခဲ့။

ဇနီး(၇) – 2003 ခုနှစ်မှာ Wan နဲ့ လက်ထပ်ခဲ့၊ ရှစ်လအကြာမှာ ဇနီးက ထိုင်းနိုင်ငံကို ပြန်သွား။

ဇနီး(၈) – 2004 ခုနှစ်မှာ Wang နဲ့ လက်ထပ်ခဲ့ပြီး၊ လက်ရှိအချိန်မှာ ကွာရှင်းဖို့ စီစဉ်နေ။

ဇနီးလောင်း(၉) – Cristle … ပြီးခဲ့တဲ့ New Year’s Eve လက်ထပ်ခွင့်တောင်းခံတာကို သဘောတူခဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*