ညဘက်ကြီး ဘဏ်မှာပိုက်ဆံသွားထုတ်မိလို့ ဘဏ်ထဲအပိတ်ခံလိုက်ရတဲ့ အမျိုးသား

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Bank Rakyat ဆိုတဲ့ ဘဏ်တစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ ငွေလိုလို့ ည 12နာရီ အချိန်ငွေသွားထုတ်ရင်း ဘဏ်ရဲ့ အလိုအလျောက်တံခါးသော့ခတ်တဲ့စနစ်ကြောင့် ဘဏ်ထဲမှာ ပိတ်နေမိခဲ့ပါတယ် ။ ထို့အပြင် အဆိုပါအမျိုးသားဟာ ငွေထုတ်ဖိုလိုနေခဲ့လို့ ဘဏ်ထဲမှာရှိတဲ့ ATM စက်နားကိုသွားခဲ့တာဖြစ်ပြီး ဘဏ်ရဲ့ အလိုအလျောက်တံခါးသော့ခတ်တတ်တဲ့ စနစ်ကိုလုံးဝမသိရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ ATM စက်ထဲပိုက်ဆံထုတ်ပြီး ထွက်လာဖို့ကြိုးစားခဲ့ချိန်မှာတော့ တံခါးဟာလုံးဝကို ပိတ်သွားခဲ့ပြီးပါပြီ ။

ကံကောင်းစွာနဲ့ပဲ အဆိုပါအဖြစ်အပျက်ဖြစ်နေချိန်မှာ ၎င်းအမျိုးသားတစ်ယောက်တည်းမဟုတ်ပါဘူး ။ ဓာတ်ပုံထဲမှာတွေ့မြင်ရတဲ့အတိုင်း သူနှင့်အတူ ဘဏ်အပြင်ဖက်မှာ ဘဏ်ရဲ့လုံခြုံရေးဝန်ထမ်းတစ်ဦးက အတူရှိနေပေးခဲ့လို့ပါ ။

ယခုလို ဘဏ်ထဲမှာ မတော်တဆပိတ်မိခဲ့တဲ့ဖြစ်ရပ်မျိုးက ပထမဆုံးအကြိမ်မဟုတ်ပါဘူး ။ အရင်တစ်ခေါက်ကလည်း ဘဏ်ရဲ့အလိုအလျောက်တံခါးသော့ခတ်တဲ့စနစ်မျိုးကို လုံးဝမသိရှိဘဲ ည12နာရီအချိန် ဘဏ်ရဲ့ ATM စက်မှာပိုက်ဆံထုတ်ဖို့ကြိုးစားရင် မိန်းကလေးတစ်ယောက် ဘဏ်ထဲမှာ ပိတ်မိနေခဲ့ဖူးကြောင်းသိရှိရပါတယ် ။ သူမအလှည့်မှာတော့ အနီးအနားမှာလူတစ်ယောက်မှ ရှိမနေခဲ့တဲ့အတွက် ရဲစခန်းသို့ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့ရကြောင်းနှင့် ထိုသို့ဖုန်းဆက်နေချိန်မှာ တံခါးပြန်ပွင့်လာခဲ့၍ သူမအတော်လေးကိုကြောက်လန့်ပြီး ၊ ရှက်သွားခဲ့ရကြောင်း သူမရဲ့အတွေ့အကြုံကိုလည်း ဝေမျှခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*