မိန်းမ တွေ ကို ဘယ်တော့ မှ အရက်မတိုက် နဲ့

September 14, 2021 admin 0

“မိန်းမ မောင် ဒီနေ့လစာ ထုတ်ပြီးပြီ” “ဟုတ်လား အဲ့ဒါဆို ညနေ ကျရင် မောင့်မိဘ တွေကို အတူတူ သွားကန်တော့ မယ်လေ ပြီးရင် ဈေးလေး ဘာလေး ဝယ်တာပေါ့” “အွမ်း အဲ့ဒါ ကောင်းတယ် မိန်းမ ရော့ မောင့်လစာ တစ်ပြားမှ မလျှော့ဘူး […]

အိမ်ရှင်မများနှင့်ထမင်းချက်ခြင်းအကြားလျှို့ဝှက်ချက်များ

May 3, 2021 admin 0

အိမ်ရှင်မများအတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက် အာဟာရဓာ်တွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။ ၁။ရှာလကာရည် ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီးထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။(ရှာလကာရည်နံ့လုံးဝမထွက်ပါ) ၂။ဘီယာ ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာက ဆန်သစ်လောက် မကောင်းတဲ့အချိန်မှာစိတ်မပူပါနဲ့ဆန်အဟောင်းကိုချက်ချိန်မှာဘီယာအနည်းငယ်သာ ထည့်လိုက်ပါပေါ်ဆန်းမွှေးပမာမွှေးပျံ့တဲ့ထမင်းကိုရရှိစေမှာဖြစ်ပါတယ်။ ၃။မြေပဲဆီ ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပေးပါကာရောပြီးမွှေပေးပါကဆန်ဖွာခြင်းမရှိပဲခံတွင်းကိုတွေ့စေမှာဖြစ်ပါတယ်။ ၄။ဆား လက်ကျန်ထမင်းကိုပြန်နွေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းအားဖြင့်အနံ့ဆိုးများကိုပျောက်စေသည့်အပြင်ခံတွင်းတွင်လည်းနူးညံ့နေစေမှာသေချာပါတယ်။ ၆။ဆန်အရက်၊အရက်ဖြူ ထမင်းကြော်ရာတွင် ထမင်းတွင်အရက်သုံး၊လေးစက်အနည်းငယ် ထည့်ကာကြော်ပေးပါက နတ်သဒ္ဓါပမာထမင်းအရသာကိုရစေနိုင်ပါတယ်။ အကယ်၍ထမင်းကျက်တဝက်မကျက်တဝက်ဖြစ်နေတဲ့အခြေအနေမျိုးနဲ့ကြုံပါကဇွန်း၂ဇွန်းစာဆန်အရက်ကိုထည့်ပြီးနွေးပေးခြင်းနဲ့ထမင်းကိုလုံးဝကျက်စေနိုင်ပါတယ်။ […]

No Image

သင်္ဘောသီးက ပေးတဲ့ အလှအပနဲ့ ကျန်းမာရေး

May 2, 2021 admin 0

သင်္ဘောသီးက ကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ အာဟာရတွေ၊ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေများစွာ ပါဝင်နေတဲ့ အပူပိုင်းဒေသထွက် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘောသီးရဲ့ အနှစ်ကို မျက်နှာလိမ်း ခရင်မ်တွေ၊ ခေါင်းလျှော်ရည်တွေမှာ အဓိက ပါဝင်ပစ္စည်းတွေ အနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။ သင်္ဘောသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ […]

မြန်မာပြည်က ထိပ်တန်းအစားအစာ ၉ မျိုး

April 19, 2021 admin 0

အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် မြန်မာနိုင်ငံအကြောင်း ထဲထဲဝင်ဝင် မသိသေးတဲ့သူ တစ်ယောက်ကို ကိုယ့်နိုင်ငံအကြောင်း ပြောခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာသာ ရနိုင်တဲ့ အစားအသောက်တွေ အကြောင်းကိုလည်း မဖြစ်မနေ ထည့်သွင်း ပြောဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံပြီးတဲ့ နောက်ပိုင်းမှာ မြန်မာကို စိတ်ဝင်စားသူ ကမ္ဘာအနှံ့မှာ ရှိလာပြီး ခရီးသွားလုပ်ငန်းလည်း တိုးတက်လာပါတယ်။ တစ်နေ့နေ့မှာ […]

ကလေးငယ်ကိုအရှေ့ဖက်မှာ ချီပိုးထားမှန်းသတိမရဘဲ ကလေးငယ်ကိုရူးမတတ်ရှာနေခဲ့တဲ့ ဖခင် (ရုပ်သံ)

April 19, 2021 admin 0

ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ရဲ့အဖြစ်ကတော့ မယုံနိုင်လောက်အောင်ပါပဲ ။ အကြောင်းကတော့ ဖခင်ဖြစ်သူတိုင်း ကြေါက်လန့်မိကြမဲ့အဖြစ်တစ်မျိုးပါ ။ Video ထဲမှာတော့ ဖခင်ဖြစ်သူဟာ သူ၏ကလေးငယ်ကိုအရှေ့ဖက်မှာ ချီပိုးထားခဲ့ပေမဲ့လည်း ကလေးငယ်ပျောက်ဆုံးနေတဲ့ အထင်နဲ့ရှာဖွေနေခဲ့တာကို @aizadfahmy အမည်နဲ့ Twitter အသုံးပြုသူက ဝေမျှထားခဲ့တာပါ ။ ဖခင်ဖြစ်သူဟာ အချိန်အတော်ကြာဖုန်းအသုံးပြုပြီးနောက် ကလေးတွန်းလှည်းက အလွတ်ကြီးဖြစ်နေခဲ့တာကို […]

မြည်းတွေကို ဆေးဆိုးပြီး မြင်းကျားအဖြစ်လိမ်လည်ပြသထားတယ်လို့ လူမှုကွန်ယက်မှာလူပြောများနေတဲ့ တိရစ္ဆာန်ရုံ

April 19, 2021 admin 0

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာရှိတဲ့ အင်တာနေရှင်နယ်ဂါးဒန်းအမည်ရှိတိရိစ္ဆာန်ရုံတစ်ခုမှာ မြည်းတွေကို ဆေးဆိုးကာ မြင်းကျားအဖြစ် ပြသထားတယ်ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လျက်ရှိပါတယ်။ ဒီတိရစ္ဆာန်ရုံက မြည်းတွေကို ဆေးဆိုးပြီး လာရောက်လည်ပတ်သူတွေကို လိမ်ညာနေတာဖြစ်တယ်လို့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ ေတော့ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက ပြန်လည်ဖြေရှင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။အဆိုပါ စွပ်စွဲမှုကိုတော့ မာမွတ်ဆာ ဟန်လို့အမည်ရတဲ့ ကျောင်းသားတယောက်က စတင်ခဲ့တာပဲဖြစ်ပါတယ်။ ထိုကျောင်းသားဟာ တိရစ္ဆာန်ရုံမှာရိုက်ကူးထားတဲ့မြင်းကျားဓာတ်ပုံကို […]

ဝမ်းချုပ်နေလို့ဆိုပြီး ဆရာဝန်သွားပြကာမှ ငါးရှဉ့်အကောင်လိုက် ဖင်ထဲထည့်ပြီး ကုသမှု့ခံယူလိုက်ရတဲ့လူနာv

April 18, 2021 admin 0

ဖြစ်လိုက်ရင် တရုတ်နိုင်ငံကကြီးပါဘဲ။ အခုလည်း တရုတ်နိုင်ငံက အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ Liu လို့ခေါ်သော အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ၀မ်းချုပ်တာကြာနေတဲ့ ရောဂါအခြေအနေကြောင့် စိုးရိမ်လွန်ကြီးပြီး ဆရာဝန်ဆီမှာ ကုသမှု့ခံယူဖို့ အပြေးအလွှားဆေးရုံကိုရောက်လာခဲ့ပါတယ်။Liu ဟာ ဟိုအရင်ကထဲက ဆေးရုံကို၀မ်းချုပ်တာကြောင့် လာရောက်ကုသမှု့ခံယူဖူးတယ်လို့လည်းပြောပါတယ်။ ဒီလိုနဲ့ ဆရာဝန်ကတော့ တကယ်ကို ထူးဆန်းလှစွာသော […]

နေရာတစ်ခုတည်းမှာတင် စုံတွဲပေါင်း လေးထောင်က စုပေါင်းလက်ထပ်ပွဲကျင်းပ

April 18, 2021 admin 0

တောင်ကိုရီးယားနိုင်ငံ ဂပ်ပြောင်းမြို့ ခရစ်ယာန်ဘုရားကျောင်းမှာ သြဂုတ်က လူအများအားကျနှစ်သက်ခဲ့ရတဲ့ မင်္ဂလာပွဲတစ်ခုကျင်းပခဲ့ပါတယ်။ ၎င်းလက်ထပ်ပွဲကတော့ သာမန်လက်ထပ်ပွဲတွေနဲ့မတူဘဲ နိုင်ငံပေါင်း ၆၄ နိုင်ငံက စုံတွဲ ၄၀၀၀ စုပေါင်းလက်ထပ်ကြတဲ့ လက်ထပ်ပွဲပဲဖြစ်ပါတယ်။ ဆိုးလ်မြို့တော်ကနေ အရှေ့မြောက်ဘက် မိုင် ၅၀ အကွာမှာ တည်ရှိတဲ့ ဂပ်ပြောင်းမြို့ မှာကျင်းပခဲ့တာဖြစ်သလို ခန်းမတစ်ခုလုံး လက်ထပ်ကြမယ့် […]

ပိုင်ရှင်ကို ဒေါ်လာတစ်သန်းကျော်ဝင်ငွေရှာပေးနိုင်ခဲ့တဲ့ စံချိန်တင်ကျောက်စိမ်းခီရီကြက်

April 18, 2021 admin 0

ပျော်ရွှင်မှုအတွက်လူတွေဖန်တီးထားတဲ့ လောင်းကစားလုပ်ငန်းတွေများစွာထဲမှာတော့ ကြက်တိုက်တဲ့လောင်းကစားဟာလည်းထင်ရှားလှပါတယ်။ထိုကြက်တိုက်တဲ့လောင်းကစားဟာ အာရှနိုင်ငံအနည်းငယ်အတွင်းမှာတော့ နာမည်ကြီးတဲ့လောင်းကစားနည်းတစ်မျိုးလဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာလဲကြက်တိုက်တာနဲ့ပတ်သတ်ပြီးပြုလုပ်တဲ့ပွဲလေးတွေများစွာရှိနေမယ့် ချင်းမိုင်မြို့မှာတနှစ်မှတစ်ခါကျင်းပတဲ့ ကြက်တိုက်ပွဲကတော့ အကျော်ကြားဆုံးပဲဖြစ်ပါတယ်။ ထိုပွဲကတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကြက်တိုက်ဝါသနာပါတဲ့သူတွေက မိမိတို့ရဲ့ကြက်တွေရဲ့အရည်အသွေးကိုအပြိုင်အဆိုင် စမ်းသပ်ကြတဲ့ပွဲလေးပဲဖြစ်ပါတယ်။ ၎င်းပြိုင်ပွဲလေးအတွင်းမှာ အကျော်ကြားဆုံးကတော့ ကြယ်ငါးပွင့် ဆိုတဲ့နာမည်နဲ့တိုက် ကြက်ချန်ပီယံပဲဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ အထွဋ်အမြတ်ထားရာ တောင်ကိုတက်ခဲ့ကြတဲ့ အတွက်ကြောင့်ဖမ်းခံခဲ့ရတဲ့ နိုင်ငံခြားသားခရီးသွားများ

April 18, 2021 admin 0

ရင်ခုန်စိတ်လှုပ်ရှားစရာတွေကိုဘဲ လိုက်ရှာနေတဲ့ နိုင်ငံခြားသား ခရီးသွားတွေကတော့ အခုတစ်ခါမှာလည်း တရုတ်ပြည်ရဲ့ တန်ဖိုးထားရာ အမွေအနှစ်ရှိရာတောင်ကို တက်ခဲ့တဲ့ အတွက်ကြောင့် တရုတ်ပြည်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှု့ကိုခံခဲ့ရပါတယ်။ အဘယ့်ကြောင့် ဖမ်းခံခဲ့ရတာလည်းဆိုတော့ သူတို့တစ်တွေ တောင်တက်ခဲ့တဲ့ ဗီဒီယို ဟာ လူမှု့ကွန်ရက်တွေပေါ်မှာ ပြန့်နှံ့နေခဲ့တာဘဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုရင်တော့ တောင်တက်သမားတွေ တောင်ပေါ်ကိုရောက်တဲ့ အချိန်ကို ဒရုန်းတစ်စီးနှင့် ရိုက်ကူးထားတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။ […]